ရေအောက်ဓာတ်ပုံပြိုင်ပွဲဆုရ “လက်နဲ့တူတဲ့ဆူးတောင်နဲ့လမ်းလျှောက်တဲ့ငါး” ဓာတ်ပုံ

21.2.2023-image-5.jpg

ရှားပါးပြီး မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ငါးတစ်ကောင် ပါတဲ့ဓာတ်ပုံတစ်ပုံက ရေအောက်ဓာတ်ပုံပြိုင်ပွဲမှာ ဆုရသွားပြီးတဲ့နောက် လူမှုကွန်ယက်မှာ အဲဒီငါးနဲ့ပတ်သက်ပြီး လူစိတ်ဝင်စားမှုများနေပါတယ်။ လက်နဲ့တူတဲ့ ဆူးတောင်တွေနဲ့ လမ်းလျှောက်နေပုံရတဲ့ အစက်အပြောက်ပါတဲ့ Handfish ငါးအမျိုးအစားကို ဓာတ်ပုံဆရာ နီကိုးလက် ရီမီက ဓာတ်ပုံရိုက်ယူခဲ့တာပါ။ ဒီဓာတ်ပုံက အခုနှစ်မှ Ocean Art Underwater Photography 2022 ဓာတ်ပုံပြိုင်မှာ Cold Water ဆုအမျိုးအစားနဲ့ပထမဆုရရှိခဲ့ပါတယ်။

အဲဒီငါးမျိုးက အကောင်ရေ ၃၀၀၀ ထက်မနည်း ရှိနေသေးပြီး အများစုက တက်စ‌မေးနီးယားရဲ့ဒါးဝန့်မြစ်ဝမှာ နေထိုင်ကြတယ်လို့ Handfish Conservation Project အရ သိရပါတယ်။ Handfish ငါးမျိုးစိတ် (၁၄) မျိုးရှိပြီး အဲဒီထဲက (၃) မျိုးက အစက်အပြောက်၊ အနီရောင်၊ Ziebell’s Handfish တွေက မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်ပါတယ်။ အစက်အပြောက်ပါတဲ့ Handfish တွေက နုန်းတင်တာကြောင့် ညစ်ညမ်းမှုနဲ့ နေထိုင်ရာဆုံးရှုံးမှုတွေရဲ့ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ သိရပါတယ်။အစက်အပြောက်ပါတဲ့ Handfish က ၁၂ စင်တီမီတာ (သို့) ၄.၇ လက်မလောက်သာ ရှည်ပါတယ်။ ဒီငါးမျိုးစိတ်က အစက်အပြောက် (သို့) အစင်းကြောင်းတွေနဲ့ဖြစ်ပြီး ပိုးကောင်တွေလို အစာတွေရှာဖို့အတွက် လမ်းလျှောက်ရာမှာ ဆူးတောင်ကို အသုံးပြုပါတယ်။

ဓာတ်ပုံဆရာ နီကိုးလက်က ဒီငါးပုံတွေကို ရိုက်ဖို့အတွက် ဒါးဝန့်မြစ်ထဲ ၉ နာရီကြာ ရေငုပ်ခဲ့ရပါတယ်။ သူ ရေငုပ်နေစဉ်အတွင်း နုန်းတွေ၊ သဲတွေကြောင့် မြင်နိုင်စွမ်းက ၂ မီတာ (၆ပေခွဲခန့်) ပဲရှိခဲ့တယ်။ Handfish အနည်းငယ်ကို မြင်တွေ့ခဲ့ရပေမဲ့ အဲဒီငါးတွေက မြန်မြန်ထွက်ပြေးသွားခဲ့ကြတယ်။ ဒါပေမဲ့ Handfish ထဲက တစ်ကောင်ကိုတော့ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Photo of rare, endangered fish that walks on its “hands” wins underwater photography contest

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top