သြစတြေးလျနိုင်ငံ တည်ရှိတဲ့ သြစတြေးလျကုန်းမြေထုဟာ နှစ်စဉ်နှစ်တိုင်း မြောက်ဘက်ကို ၇ စင်တီမီတာ ရွေ့နေပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးရွေ့လျားတဲ့ ကုန်းမြေထု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၂ နှစ်အတွင်း သြစတြေးလျကုန်းမြေထုဟာ ၅ ပေအကွာအထိ ရွေ့လျားခဲ့တာကြောင့် သြစတြေးလျနိုင်ငံရဲ့ ကိုသြဒီနိတ်အမှတ်တွေ အနည်းငယ်တိမ်းစောင်း လွဲချော်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံရဲ့ တည်နေရာအများစုကို ကမ္ဘာ့ GPS စနစ်နဲ့ ကိုက်ညီစေဖို့အတွက် သြစတြေးလျအစိုးရက သူတို့ရဲ့ လတ္တီကျူ့၊ လောင်ဂျီကျူ့တွေကို ပြန်လည်ချိန်ညှိနေရပါတယ်။
Ref: Australian Plate
NZ ( ရိုးရာလေး)