တထိုင်တည်း ကမ္ဘာ့အစပ်ဆုံး ငရုပ်သီး ၁၃၅ တောင့် စားပြပြီး ကနေဒါအမျိုးသား စံချိန်တင်

3.10.23-yyl-12.jpg

ကနေဒါအမျိုးသားတစ်ယောက်ဟာ တထိုင်တည်းနဲ့ ကမ္ဘာ့အစပ်ဆုံး ငရုပ်သီး ၁၃၅ တောင့် စားပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ မိုက်ဂျက်ဟာ ၆ မိနစ် ၄၉.၂ စက္ကန့်အတွင်း ကမ္ဘာ့အစပ်ဆုံး ငရုပ်သီးဖြစ်တဲ့ ကာရိုလိုင်းနားငရုပ်သီးတောင့် ၅၀ စားပြခဲ့ပြီး ငရုပ်သီးတောင့် ၅၀ ကို အချိန်အမြန်ဆုံး စားပြနိုင်သူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။

စံချိန်တင်နိုင်ခဲ့ပြီးနောက်မှာတော့ မိုက်ဂျက်က ထိုင်ရာ မထသေးဘဲ နောက်ထပ်ငရုပ်သီးတောင့် ၈၅ တောင့် ထပ်စားခဲ့တာ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက အစပ်စားနိုင်အောင် လေ့ကျင့်ခဲ့ပေမဲ့ အစပ်စားပြီးတိုင်း မအီမသာဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

ငရုပ်သီးစားလို့ နှုတ်ခမ်းစပ်တာဟာ ဗိုက်ထဲမှာ ဖြစ်နေတဲ့ ဝေဒနာနဲ့ယှဉ်ရင် အသေးအမွှားပဲလို့ မိုက်ဂျက်က ဆိုပါတယ်။

Ref: Canadian man eats 135 Carolina reaper peppers in one sitting

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top