သူငယ်ချင်းရဲ့ အကူအညီကြောင့် ဒေါ်လာ ၂ သန်းဆု ထီပေါက်ခဲ့သူ

8.8.2024-yyl-1.jpg

အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းကို လူကြုံမှာလိုက်တဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၂ သန်းဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အုတ်ကလန်ကောင်တီမှာ နေထိုင်တဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ သူ့သူငယ်ချင်း အပြင်သွားတိုင်း ထီလက်မှတ် မှာလေ့ရှိပါတယ်။

တစ်နေ့မှာတော့ သူ့သူငယ်ချင်းက သူ့အတွက် Orchard Market Place ကနေ အမေရိကန်ဒေါ်လာ ၂၀ တန် ဂျက်ဆန်ထီလက်မှတ်တစ်စောင် ဝယ်လာပေးခဲ့ပါတယ်။ ” သူက ထီလက်မှတ် ပေးပေးချင်း ကျွန်တော် ခဲခြစ်ကြည့်လိုက်တယ်။ ဒေါ်လာ ၂ သန်းဆု ပေါက်တယ်ဆိုတာ တွေ့လိုက်ရတော့ ပါးစပ်အဟောင်းသားနဲ့ ကျောက်ရုပ်ကြီးလို မှင်သက်သွားတယ်။ ဒီလို ထီဆုကြီး ဆွတ်ခူးတဲ့ ခံစားချက်က ထုတ်ပြောလို့မရနိုင်အောင်ပါပဲ” လို့ သူက ဆိုပါတယ်။

သူက သူငယ်ချင်းဖြစ်သူကလွဲရင် တခြားဘယ်သူ့ကိုမှ ထီပေါက်တဲ့အကြောင်း ထုတ်မပြောပါဘူး။ သိပ်မကြာခင်မှာ သူ့မိသားစုကို အံ့အားသင့်အောင် လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Ref: Michigan man wins $2 million lottery prize thanks to help from friend
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top