ဝန်ထမ်းတစ်ဦး ဈေးနှုန်းမှားကပ်မိလို့ ယွမ်သန်း ၃၀ အရှုံးပေါ်ဖို့ရှိနေတဲ့ တရုတ်ကုမ္ပဏီ

11.9.2024-yyl-1.jpg

ဝန်ထမ်းတစ်ဦးက ဈေးနှုန်းတွေ မှားကပ်မိခဲ့တဲ့အတွက် အဝတ်လျှော်စက်ရောင်းတဲ့ တရုတ်ကုမ္ပဏီတစ်ခုက ယွမ်သန်း ၃၀ ( အမေရိကန်ဒေါ်လာ ၄.၂ သန်း) အရှုံးပေါ်မယ့်အခြေအနေ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်အခြေစိုက် Little Swan Dongshan Franchise Shop ကုမ္ပဏီရဲ့ Tmall အွန်လိုင်းစတိုးမှာ သြဂုတ်လ ၂၈ ရက်နေ့က ဈေးနှုန်းတွေ မှားကပ်မိခဲ့လို့ မိနစ် ၂၀ အတွင်း အော်ဒါတင်သူ ၄၀၀၀၀ ကျော်ရှိခဲ့ပါတယ်။

နောက်ပိုင်းကျမှ ဝန်ထမ်းတစ်ဦးက ဈေးနှုန်းတွေ မှားနေတာကိုမြင်ပြီး အွန်လိုင်းစတိုးဝက်ဘ်ဆိုက်ကို ပြန်ဖြုတ်ချခဲ့တာပါ။ သူတို့ဟာ စုစုပေါင်း ယွမ်သန်း ၇၀ တန်တဲ့ အဝတ်လျော်စက်တွေကို ယွမ်သန်း ၄၀ တည်းနဲ့ ဈေးနှုန်းကပ်မိခဲ့တာ ဖြစ်ပါတယ်။ ၁၆၉၉ ယွမ် တန်ကြေးရှိတဲ့ အဝတ်လျော်စက်တွေကို ၂၉၉ ယွမ်၊ ၂၄၉၉ ယွမ် တန်ကြေးရှိတဲ့ အဝတ်လျော်စက်တွေကို ၄၃၉ ယွမ်တည်းနဲ့ ဈေးနှုန်းဖော်ပြမိခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ကုမ္ပဏီဘက်က အော်ဒါတင်ထားတာတွေကို ဖျက်သိမ်းပေးဖို့ ဝယ်ယူသူတွေကို တောင်းဆိုထားပါတယ်။ တကယ်လို့ ဝယ်သူတွေဘက်က အော်ဒါတွေမဖျက်ပေးဘူးဆိုရင်တော့ ယွမ်သန်း ၃၀ အရှုံးပေါ်မှာပါ။ ဒါဟာ ဝန်ထမ်းတစ်ဦးရဲ့ မှားယွင်းမှုဖြစ်ကြောင်း အွန်လိုင်းဗီဒီယိုဖော်ပြခဲ့ပြီး သူ့အနေနဲ့လည်း ပိုင်ဆိုင်သမျှအရာအားလုံး ရောင်းချရင်တောင် ဒီငွေပမာဏကို စိုက်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေသခံဈေးကွက်ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

Ref: Small Business Stands to Lose $4.2 Million Due to Employee’s Pricing Blunder
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top