VMAs ဆုပေးပွဲအတွင်း အစီအစဉ်တင်ဆက်သူအဖြစ် အဝတ်အစား အကြိမ် ၅၀၀ လဲဖို့ စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ Megan Thee Stallion

11.9.2024-yyl-4.jpg

ကမ္ဘာကျော်အဆိုတော် Megan Thee Stallion က ၂၀၂၄ ခုနှစ်ရဲ့ MTV Video Music Awards မှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမယ့်အပြင် ဖျော်ဖြေတင်ဆက်သွားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီပွဲအတွင်း အဝတ်အစား အကြိမ် ၅၀၀ လဲဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ “ကျွန်မ အဝတ်အစားကို အကြိမ် ၅၀၀ လဲဖို့ စိတ်လှုပ်ရှားနေတယ်။ ဖျော်ဖြေတင်ဆက်ဖို့ စိတ်လှုပ်ရှားတယ်။ အမိုက်စားပွဲတက်လာမယ့်သူတွေအားလုံးကို မြင်တွေ့ရဖို့လည်း စိတ်လှုပ်ရှားနေပါတယ်”လို့ Megan က ပြောပါတယ်။

Megan က အခုနှစ်ဆုပေးပွဲရဲ့အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကို MTV က ပြီးခဲ့တဲ့လကမှ ကြေညာခဲ့တာပါ။ အရင် ပွဲနှစ်ပွဲကို Nicki Minaj က အစီအစဉ်တင်ဆက်ပေးခဲ့တာပါ။

Megan ကလည်း ဒီပွဲမှာ ဆု ၅ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ တေလာဆွစ်ဖ်က ဆု ၁၀ ခုအတွက် ဆန်ကာတင်စာရင်းမှာ ရှေ့ဆုံးက ဦးဆောင်နေပြီး Post Malone က ဆု ၉ ဆုအတွက် ဆန်ကာတင်စာရင်းဝင်နေပါတယ်။ Sabrina Carpenter၊ Eminem၊ Ariana Grande တို့ကလည်း ဆု ၅ ဆုအတွက် အသီးသီးဆန်ကာတင်စာရင်းဝင်ထားပါတယ်။

Katy Perry က Coveted Video Vanguard Award အတွက် ဆုပေးပွဲမှာ ဂုဏ်ပြုချီးမြှင့်ခံရမှာဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကြီးသီချင်းတွေအပြင် 143 အယ်လ်ဘမ်အသစ်ထဲက သီချင်းတချို့လည်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီဂီတဆုပေးပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Megan Thee Stallion Is ‘Excited to Change Clothes 500 Times’ During VMAs 2024 Hosting Gig

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top