VMAs ဂီတဆုပေးပွဲမှာ ဒုတိယအကြိမ် ဆုထပ်မံရရှိခဲ့တဲ့ လီဆာ

13.9.2024-yyl-7.jpg

ကမ္ဘာကျော်တောင်ကိုရီးယားအဆိုအဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာဟာ ၂၀၂၄ ခုနှစ်ရဲ့ MTV Video Music Awards (VMAs) ပွဲမှာ ဒုတိယအကြိမ်ဆုရရှိခဲ့ပြန်ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၂၀၂၂ ခုနှစ်က VMAs ဂီတဆုပေးပွဲမှာ ရရှိခဲ့တာပါ။

လီဆာက သူ့ရဲ့ကိုယ်ပိုင်အေဂျင်စီ LLOUD နဲ့ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ပထမဆုံးသီချင်း Rockstar နဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ VMAs ဆုပေးပွဲမှာ အကောင်းဆုံးကိုရီးယားပေါ့ပ်မြူးဇစ်ဗီဒီယိုဆုကို ရရှိခဲ့တာပါ။ ဒီသီချင်းက Best Editing၊ Best Choreography၊ Best Art Direction စတဲ့ ဆုအမျိုးအစား ၃ ခုမှာလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။

လီဆာက ဒီဂီတဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့အပြင် အနီရောင်သရေဝတ်စုံကို ဝတ်ဆင်ပြီးတော့ သူ့ရဲ့တစ်ကိုယ်တော်သီချင်း Rockstar နဲ့ နောက်ဆုံးထွက်တစ်ကိုယ်တော်သီချင်း New Woman တို့နဲ့လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

လီဆာက အကောင်းဆုံးကိုရီးယားပေါ့ပ်ဆုကို ၂ ကြိမ်ရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးအဆိုရှင်အဖြစ် သမိုင်းစိုက်ထူခဲ့ပါပြီ။

Ref: Lisa wins second award at VMAs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top