“Face Me” ဇာတ်လမ်းတွဲအသစ်မှာ ပလက်စတစ်ခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်မယ့် ဂင်ချားနားမင်းသား

11.10.2024-yyl-4.jpg

KBS2 ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲအသစ် Face Me မှာ မြန်မာပရိသတ်တွေ ဂင်ချားနားလို့ သိကြတဲ့ မင်းသားလီရီဂယောင်းဟာ ပလပ်စတစ်ခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

Face Me ဇာတ်လမ်းတွဲက သွေးအေးတဲ့ပလပ်စတစ်ခွဲစိတ်ဆရာဝန် ချာဂျွန်ဝူး (မင်းသားလီမင်ကီ) နဲ့ ရာဇဝတ်မှုစုံထောက် လီမင်ဟွန် (မင်းသမီးဟန်ဂျီဟွန်း) ကြား လက်တွဲလုပ်ဆောင်ရတဲ့ လျှို့ဝှက်သည်းထိတ်ဖိုဇာတ်ကားဖြစ်ပါတယ်။

လီရီဂယောင်းက ချာဂျွန်ဝူးနဲ့ အထက်တန်းကျောင်းကတည်းက ရင်းနှီးတဲ့သူငယ်ချင်းဖြစ်တဲ့ တွဲဖက်ပလပ်စတစ်ခွဲစိတ်ဆရာဝန်ဇာတ်ရုပ်မှာ ပါဝင်မှာဖြစ်ပါတယ်။ မိသားစုထက်ပိုရင်းနှီးတဲ့ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ကြပေမဲ့ သူတို့နှစ်ဦးက ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်ရင် လုံးဝကွဲပြားပါတယ်။ လီရီဂယောင်းဇာတ်ကောင်က ဖော်ရွေတတ်သူပါ။

Face Me ဇာတ်လမ်းတွဲကို လက်ရှိပြသနေတဲ့ Dog Knows Everything ဇာတ်လမ်းတွဲပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့ ထုတ်လွှင့်ပြသွားမှာဖြစ်ပါတယ်။

Ref: Lee Yi Kyung Is A Smooth-Talking Plastic Surgeon In Upcoming Drama “Face Me”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top