Earthshot Prize ဆုပေးပွဲအခမ်းအနားမှာ အာဖရိကဘာသာစကား (၉) မျိုးနဲ့ နှုတ်ခွန်းဆက်သခဲ့တဲ့ ဝီလျံမင်းသား

8.11.2024-yyl-3.jpg

ဝေလမင်းသား ဝီလျံဟာ နိုဝင်ဘာ ၆ ရက်နေ့က စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဏာမနှစ်ပတ်လည်ဆုပေးပွဲအခမ်းအနားအတွက် အခုအပတ်ထဲ တောင်အာဖရိကကို ရောက်ရှိနေခဲ့တာပါ။ နောက်ဆုံးဆန်ကာတင် ၁၅ ဦးထဲက ဆုရရှိသူ ၅ ဦးကို ရွေးချယ်ထားပါတယ်။ ဆုရရှိသူ ၅ ဦးက ဒေါ်လာ ၁.၃ သန်းကိုရရှိပြီး ကမ္ဘာမြေကို တိုးတက်ကောင်းမွန်လာစေဖို့ သူတို့ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့်ရမှာဖြစ်ပါတယ်။

အဲ့ဒီဆုပေးပွဲအခမ်းအနားမှာ ဝီလျံမင်းသားက မိန့်ခွန်းပြောစဉ်အတွင်း မြောက်၊ ရှေ့၊ နောက်၊ တောင်အာဖရိကတွေကို ကိုယ်စားပြုတဲ့ ဘာသာစကား ၉ မျိုးဖြစ်တဲ့ Zulu၊ Sesotho၊ Yoruba၊ Hausa၊ Twi Ghana၊ Afrikaans၊ Xhosa၊ Igbo၊ Swahili လို နှုတ်ခွန်းဆက်သခဲ့ပါတယ်။ ဒါက တိုက်ကြီးတစ်ခုလုံးကို လေးစားတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။

ဝီလျံမင်းသားက ဆုပေးပွဲပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့မှာ တောင်အာဖရိကကနေ ထွက်ခွာမှာဖြစ်ပါတယ်။ သူက ဒီပွဲကို ကြင်ယာတော်ဝေလမင်းသမီးမပါဘဲ တစ်ကိုယ်တော်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Ref: Prince William Speaks Nine African Languages During Speech at Earthshot Prize Awards Ceremony

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top