မလေးရှားမှာ ရေကြီးနေချိန် ရေထဲထွက်ကစားခဲ့တဲ့ မိန်းကလေးငယ် ဆီးအိမ်ထဲ မျှော့ဝယ်သွားလို့ အရေးပေါ်ဖယ်ရှားခဲ့ရ

5.12.2024-yyl-1.png

မလေးရှားမှာ ရေကြီးရေလျှံနေချိန် ရေထဲ ထွက်ကစားခဲ့တဲ့ မိန်းကလေးငယ်တစ်ယောက်ဟာ ဆီးလမ်းကြောင်းထဲကို မျှော့ဝင်သွားလို့ အရေးပေါ်ဖယ်ရှားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ကီလန်တန်ဆေးရုံရဲ့ TikTok အကောင့်ကနေ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

၁ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ သေးခံထဲမှာ သွေးတွေ့ရပြီး ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာလည်း ရှာမတွေ့တဲ့နောက် မိဘတွေက ဆေးရုံ ခေါ်လာခဲ့ကြတာပါ။ ဆေးရုံမှာ Scan ဖတ် စစ်ဆေးမှုအရ မိန်းကလေးငယ်ရဲ့ ဆီးအိမ်ထဲမှာ မျှော့ ဝင်နေတာကို တွေ့ရှိခဲ့ပြီး ဆေးရည် ထိုးသွင်းကာ ဆီးအိမ်ထဲကနေ မျှော့ထွက်လာအောင် လုပ်ခဲ့ရပါတယ်။

ဒီဗီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၁ သန်းကျော် ရှိခဲ့ပြီး ရေထဲမှာ ကလေးငယ်တွေ ကစားတဲ့အခါ သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက နှိုးဆော်ထားပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့အထိ ကီလန်တန်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှု၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြားပိုး အစရှိတဲ့ ကူးစက်ရောဂါ ခံစားရသူ ၅၀၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

ကီလန်တန်ပြည်နယ်ဟာ ရေဘေးကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး ပြီးခဲ့တဲ့သီတင်းပတ်က ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံရသူ ၉၀၀၀၀ ကျော် ရှိခဲ့ပါတယ်။

Ref: Toddler suffers internal bleeding from leech after playing in Malaysia’s floodwaters
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top