စီးရီးအေပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှာ ပြန်လည်စတင်ဖို့ ကလပ်အသင်းတွေ မဲပေး

14-5-2020-yyl-015.jpg

စီးရီးအေပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှာ ပြန်လည်စတင်ဖို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ စီးရီးအေကလပ်တွေက မဲပေးခဲ့ကြပြီး အစိုးရရဲ့အတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေပါတယ်။ ကစားသမားတွေနဲ့ ပါဝင်သူအားလုံးကို ကာကွယ်ပေးနိုင်မယ့် ကျန်းမာရေးလုပ်ထုံးလုပ်နည်းတွေ၊ အစိုးရရဲ့ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမှ စီးရီးအေပြိုင်ပွဲကို ပြန်လည်စတင်မယ်လို့ စီးရီးအေဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

စီးရီးအေကလပ်တွေကို မေလ ၁၈ ရက်ကစတင်ပြီး လေ့ကျင့်ရေးပြန်ဆင်းခိုင်းဖို့ အီတလီအစိုးရနဲ့ အီတလီဘောလုံးအဖွဲ့ချုပ် သဘောတူညီမှုရရှိခဲ့ပြီလို့ အီတလီနိုင်ငံ အားကစားဝန်ကြီး စပါဒါဖိုရာက အောက်လွှတ်တော်မှာ ကြေညာခဲ့ပြီးနောက်မှာ စီးရီးအေကလပ်တွေက အခုလို မဲပေးခဲ့ကြတာပါ။ တကယ်လို့ စီးရီးအေကစားသမားတစ်ယောက်ယောက်မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရင်တော့ တစ်သင်းလုံးကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ဖို့ လိုအပ်တယ်လို့ စပါဒါဖိုရာက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top