ဆိတ်အော်သံထင်ပြီး ရွာသားတွေ အရေးမစိုက်ခဲ့လို့ ရေတွင်းဟောင်းထဲမှာ ၃ ရက်ကြာ ပိတ်မိနေခဲ့သူ

11.12.2024-yyl-5.jpg

ရေတွင်းထဲ ပြုတ်ကျနေလို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပေမဲ့ ရွာသားတွေက ဆိတ်အော်သံထင်ပြီး အရေးမလုပ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးဟာ ရေတွင်းထဲမှာ ၃ ရက်ကြာ ပိတ်မိနေခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ တရုတ်နိုင်ငံသား လုချွမ်ယီဟာ ထိုင်း – မြန်မာ နယ်စပ်မှ ရွာငယ်လေးတစ်ရွာရဲ့ အစွန်ဘက်မှာရှိတဲ့ ၁၂ မီတာအနက်ရှိ ရေတွင်းဟောင်းထဲ ပြုတ်ကျနေခဲ့တာပါ။

လုချွမ်ယီဟာ ထင်းသွားရှာရင်း ရေတွင်းဟောင်းထဲ ကျသွားတာဖြစ်မယ်လို့ အာဏာပိုင်တွေက ယူဆကြပါတယ်။ လက်ကောက်ဝတ်ကျိုးပြီး ဦးခေါင်းဒဏ်ရာရခဲ့တဲ့ လုချွမ်ယီဟာ ဖြတ်သွားဖြတ်လာသူတွေ သတိထားမိအောင် အော်ဟစ်အကူအညီတောင်းခဲ့ပြီး ရွာသားတစ်ချို့က အသံကြားပေမဲ့ ဆိတ်အော်သံထင်ပြီး ရေတွင်းနား လာမကြည့်ခဲ့ပါဘူး။

သူဟာ အစာမစား၊ ရေမသောက်ရဘဲ ရေတွင်းအောက်မှာ ၃ ရက်ကြာ နေခဲ့ရပါတယ်။ သူက ရေတွင်းထဲ ကျကျချင်း အဆက်မပြတ် အော်ခဲ့ပေမဲ့ အကြောင်းမထူးတဲ့နောက် အားအင်ချွေတာရမယ်လို့ တွေးမိခဲ့ပြီး တစ်နာရီခြား တစ်ကြိမ်သာ အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ တချို့တွေကတော့ လုချွမ်ယီရဲ့ အော်သံကို မကောင်းဆိုးဝါးအသံလို့ ထင်ပြီး သုတ်ခြေတင်ပြေးသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကတော့ ရေတွင်းဘက်ကနေ အသံတစ်သံကြားရကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာတော့ ရေတွင်းထဲ ကျနေတဲ့ လုချွမ်ယီကို တွေ့ခဲ့ပြီး သူ့ကို ကယ်တင်နိုင်ဖို့ မိနစ် ၃၀ ကြာ အချိန်ယူ ကြိုးပမ်းခဲ့ရပါတယ်။

Ref: Man Spends 3 Days Stuck in Well Because People Mistook His Cries for Ghost Wailing
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top