နိုင်ဂျီးရီးယားအာဏာပိုင်တွေက သင်းခွေချပ်အကြေးခွံ အလေးချိန် ၂ တန်ကျော် သိမ်းဆည်းရမိ

23.12.2024-yyl-1.jpg

နိုင်ဂျီးရီးယားအာဏာပိုင်တွေဟာ သင်းခွေချပ် အကြေးခွံ အလေးချိန် ၂ တန်ကျော်နဲ့အတူ သားရဲတိရစ္ဆာန်ပစ္စည်း ကုန်ကူးသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ သင်းခွေချပ် အကြေးခွံ ၂ တန်ကျော်ဆိုတာ သင်းခွေချပ် အကောင် ၁၁၀၀ ဝန်းကျင်နဲ့ ညီမျှတဲ့ပမာဏဖြစ်ပါတယ်။

သားရဲတိရစ္ဆာန်ဆိုင်ရာ တရားရေးကော်မရှင် (WJC )ရဲ့ သတင်းပေးချက်အရ နိုင်ဂျီးရီးယားအကောက်ခွန်ဌာန(NCS)မှ အရာရှိတွေက ဒီဇင်ဘာလ ၅ ရက်မှာ သံသယရှိသူကို ဖမ်းဆီးခဲ့တာပါ။ သူဟာ လာဂို့စ်မြို့အခြေစိုက် သားရဲတိရစ္ဆာန်ပစ္စည်း ကုန်ကူးရောင်းချတဲ့အဖွဲ့ထံ ပစ္စည်းသွင်းပေးနေတဲ့ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ဖွယ်ရှိပြီး ဒီဖမ်းဆီးမှုက သားရဲတိရစ္ဆာန်ပစ္စည်း ကုန်ကူးရောင်းချနေတဲ့ကွန်ရက်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ဖွယ် ရှိပါတယ်။

သင်းခွေချပ်တွေဟာ ကမ္ဘာပေါ်မှာ ကုန်ကူးရောင်းချခြင်း အများဆုံးခံရတဲ့ တိရစ္ဆာန်ဖြစ်ပြီး သူတို့ရဲ့အကြေးခွံတွေကို တိုင်းရင်းဆေးဖော်စပ်ရာမှာ အသုံးပြုကြလေ့ရှိပါတယ်။ NCS နဲ့ WJC တို့ရဲ့ ပူးပေါင်းလှုပ်ရှားမှုကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ဆင်ရေး ၁၆ ကြိမ်လုပ်ပြီး လူ ၃၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သင်းခွေချပ်အကြေးခွံ ၂၁၅၈၂ ကုဗတန်၊ ဆင်စွယ် ၁၀၆၅ တန် သိမ်းဆည်းရမိခဲ့ပါတယ်။

Ref: Nigerian Authorities Seize 2 Tons of Pangolin Scales and Arrest Key Broker in Major Wildlife Trafficking Bust
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top