ဒေါ်လာ ၃ ဘီလျံတန် ကုမ္ပဏီပိုင်ဆိုင်ခွင့်ကို သဘာဝပတ်ဝန်းကျင်အတွက် လွှဲပြောင်းပေးအပ်ခဲ့တဲ့ Patagonia ကုမ္ပဏီပိုင်ရှင်

3bil.jpg

Patagonia အဝတ်အထည် ကုမ္ပဏီပိုင်ရှင် အီဗွန်ချွေနက်ရဲ့ ဆုံးဖြတ်ချက်က စီးပွားရေးလောကကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၃ ဘီလျံ တန်ကြေးရှိတဲ့ Patagonia ကုမ္ပဏီရဲ့ ပိုင်ဆိုင်ခွင့်ကို သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတဲ့ အကျိုးအမြတ် အဓိကမထားတဲ့ အဖွဲ့အစည်းထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။

Patagonia ကုမ္ပဏီဟာ ၁၉၈၅ ခုနှစ်ကတည်းကစပြီး ရောင်းရငွေရဲ့ ၁ ရာခိုင်နှုန်းကို One Percent for the Planet အဖွဲ့မှတစ်ဆင့် သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတွေထံ လှူဒါန်းပေးနေတာပါ။ လက်ရှိအချိန်မှာတော့ Patagonia ကုမ္ပဏီထံ ရရှိတဲ့ ဝင်ငွေအားလုံးဟာ ကမ္ဘာကြီးကို ကာကွယ်ပေးနေတဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့တွေထံ စီးဆင်းသွားတော့မှာပါ။

Ref: Yvon Chouinard

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top