ရော့ခ်အန်ရိုးလ်ဘုရင်မ တီနာတာနာ ကွယ်လွန်

25.5.2023-yyl-4.jpg

ရော့ခ်အန်ရိုးလ်ဘုရင်မလို့ တင်စားခံခဲ့ရတဲ့ အမေရိကန်နိုင်ငံဖွား အဆိုတော် တီနာတာနာဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေအတွင်း ခင်ပွန်းသည် အိုင်ကေးနဲ့အတူ နာမည်ကျော်ကြားခဲ့တဲ့ တီနာတာနာဟာ အိမ်တွင်းအကြမ်းဖက်မှု ခံခဲ့ရတာကြောင့် ၁၉၇၈ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပြီး နောက်ပိုင်းမှာတော့ တစ်ကိုယ်တော်အဆိုတော်အဖြစ် ပိုမိုကျော်ကြားလာခဲ့တာပါ။
The Best ၊ What’s Love Got to Do With It သီချင်းတွေနဲ့အတူ စူပါစတားဖြစ်ခဲ့သူပါ။ သူဟာ ဂရမ်မီဆု ၈ ဆု ဆွတ်ခူးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ရော့ခ်အန်ရိုးလ် နာမည်ကျော်ပြခန်းမှာ ထည့်သွင်းဂုဏ်ပြုခံခဲ့ရပါတယ်။ တီနာတာနာဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လေဖြန်းခဲ့ပြီး ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါတွေ ခံစားခဲ့ရပါတယ်။

ဘီယွန်ဆေး၊ ဂျက်နက်ဂျက်ဆင်၊ မိုနေး၊ ရီဟားနား အစရှိတဲ့ အဆိုတော်တွေဟာ တီနာတာနာကို လေးစားအားကျရင်း အနုပညာရှင် ဖြစ်လာခဲ့သူတွေပါ။ တီနာတာနာဟာ ရော့ခ်ဂီတမှာ လူဖြူ၊ လူမည်းအမျိုးသမီးအားလုံးကို လမ်းဖွင့်ပေးခဲ့သူ ဖြစ်တယ်လို့ အမေရိကန်အဆိုတော် ဂလိုရီယာဂေနာက ဆိုပါတယ်။

Ref: Tina Turner: Music legend dies at 83

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top