မိခင်ကို ကပ်ချွဲနေတဲ့ ဆင်သားပေါက်လေး

baby-elephant.gif

“ဒီပုံရိပ်တွေကို မြင်လိုက်ရချိန်မှာ ကျွန်မ နှလုံးသားထဲ ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေခဲ့ပါတယ်” လို့ ဓာတ်ပုံရိုက်ကူးသူ အမျိုးသမီး ဝက်ဆယ်က ပြောပါတယ်။

ပုံမှာမြင်ရတာကတော့ ဆင်အုပ်လိုက်ကြီး လမ်းလျှောက်နေတုန်း ဆင်သားပေါက်လေးက သူ့အမေ ဆင်မကြီးရဲ့ အစွယ်ကို နှာမောင်းနဲ့ချိတ်ပြီး အမေကို ကပ်ချွဲနေတာပါ။

တောင်အာဖရိကနိုင်ငံ Madikwe Game Park မှာ ဆင်အုပ်လိုက်ကြီး ရေသောက်ဆင်းတုန်း ဝက်ဆယ်က ဒီမြင်ကွင်းကို မြင်တွေ့ခဲ့တာဖြစ်ပြီး ဓာတ်ပုံ အမိအရ ရိုက်ကူးခဲ့ပါတယ်။

”ဆင်အုပ်ထဲမှာ ဆင်ပေါက်တချို့ ပါပေမယ့် ဆင်သေးသေးလေးကို အဓိက အာရုံစိုက်မိပါတယ်။ သူက သစ်ကိုင်းခြောက်တွေနဲ့ ကစားနေပြီး အခြားဆင်တွေကို ကျီစယ်ခဲ့ပါတယ်။ ခဏအကြာမှာတော့ သူ့အမေ ဆင်မကြီးက သစ်ကိုင်းခြောက်ကို ဆွဲယူပြီး အဝေးကို လွှင့်ပစ်ခဲ့ပါတယ်။ ကျွန်မ အထင်တော့ အဲဒီဆင်လေးက (သူ့အဆော့လွန်သွားလို့) သူ့အမေကို တောင်းပန်တဲ့အနေနဲ့ သူ့အမေရဲ့ အစွယ်ကို လှမ်းဖက်ပြီး ချစ်တယ်လို့ ပြောတဲ့သဘောဖြစ်ပါလိမ့်မယ်။ ဉာဏ်ရည်ဉာဏ်သွေးမြင့်တဲ့ ဆင် သတ္တဝါတွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနဲ့ အပြန်အလှန် လေးစားမှုကို ဘယ်လိုထုတ်ပြသလဲဆိုတာ မြင်ရတာ အရမ်းထူးခြားပါတယ်”လို့ ဝက်ဆယ်က ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top