အသည်းကွဲနေတဲ့ သူငယ်ချင်းကို သီချင်းတွေသီဆိုပြပြီး နှစ်သိမ့်ပေးကြသူများ

yyl-022-11.jpg

သူငယ်ချင်းအစစ်အမှန်ဆိုတာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်နောက်မှာ ရှိနေမှာပါ။ အဲဒီလိုပဲ မလေးရှားနိုင်ငံက သူငယ်ချင်းအုပ်စုတစ်စုက သူတို့ရဲ့အသည်းကွဲနေတဲ့သူငယ်ချင်းကို အားပေးနှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။

မကြာသေးခင်ကမှ နစ်ကီ ဇန်ရီ (Nikki Zamri) ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က သူ့ရဲ့သူငယ်ချင်း အသည်းကွဲနေကြောင်းကို “ကျွန်တော့သူငယ်ချင်းက အခုလိုအသည်းကွဲနေရတာကို မြင်ရတာ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ အခြားသူတွေကို သူ့ကိုအားပေးနှစ်သိမ့်ဖို့ကြိုးစားနေကြတဲ့အတွက်လည်း ကျွန်တော်ဝမ်းသာတယ်။ မင်း.. မကြာခင် လက်တွဲဖော်ကောင်းကောင်းကို ရှာတွေ့မှာပါ” ဆိုတဲ့စာသားတွေနဲ့ မျှဝေခဲ့ပါတယ်။

သူ့သူငယ်ချင်း နေလို့ကောင်းသွားအောင် ကူညီဖို့ကြိုးစားအားထုတ်တဲ့နေရာမှာ တချို့သူငယ်ချင်းတွေက အသည်းကွဲနေတဲ့သူငယ်ချင်းရဲ့အခန်းထဲမှာ စုခဲ့ကြပြီး အဲဒီအထဲက တစ်ယောက်က မလေးရှားလိုကော၊ အင်္ဂလိပ်လိုကော သီချင်းအစုံကို သီဆိုပြပြီး သူ့ကို အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာတော့ အသည်းကွဲနေတဲ့သူငယ်ချင်းက အိပ်ရာထဲခွေနေပြီး သူ့သူငယ်ချင်းက သီချင်းဆိုပြနေတဲ့အတွက် မငိုဖို့ကြိုးစားနေတဲ့ပုံစံကို တွေ့မြင်ရမှာပါ။ ကင်မရာနောက်ကွယ်ကတစ်ယောက်ကလည်း သီချင်းဆိုပေးနေတာကိုလည်း ကြားရမှာပါ။ စလင်းဒီယွန် (Celine Dion) ရဲ့ “My Heart Will Go On” ဆိုတဲ့သီချင်းနဲ့လည်း သူ့သူငယ်ချင်းကို အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ အသည်းကွဲနေတဲ့သူငယ်ချင်းကို သီချင်းဆိုပြပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ သူတို့ရဲ့ဗီဒီယိုတွေက ကြည့်ရှုသူ သိန်းပေါင်းများစွာနဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

ဗီဒီယိုကြည့်ရှုရန်

Ref: Bros in M’sia try to cheer up heartbroken friend by serenading him with love songs
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top