”ချီကို”ဆိုတဲ့ ခွေးပေါက်လေးဟာ ဟောင်လွန်းတဲ့အတွက် သခင်တွေရဲ့ စွန့်ပစ်ခြင်းခံခဲ့ရပြီး ဂျပန်ဘုန်းကြီး ယိုရှီဟာရာက သူ့ကို ခေါ်ယူ ကျွေးမွေးထားတာပါ။ ဂိုဆန်မြို့၊ ယူကိုကူကျောင်းမှာ သီတင်းသုံးတဲ့ ဂျပန်ဘုန်းကြီး ယိုရှီဟာရာဟာ မေလ ၂၉ ရက်က ခွေးကလေး ချီကိုနဲ့အတူ တောအုပ်ထဲကို လမ်းလျှောက်ထွက်ရင်း ဝက်ဝံ တစ်ကောင်နဲ့ ထိပ်တိုက်တိုးခဲ့တာပါ။
ယိုရှီဟာရာဟာ အရင်တုန်းက ဒီလိုမျိုး တစ်ခါမျှ မကြုံခဲ့ဖူးတာကြောင့် ကြောက်လန့်တကြား ထွက်ပြေးရင်း ချော်လဲခဲ့လို့ ပခုံးအဆစ် လွဲသွားခဲ့ပါတယ်။ ဝက်ဝံက သူ့အနား ကပ်မလာနိုင်ခင်မှာပဲ ခွေးကလေး ချီကိုက ထိုးဟောင်ခဲ့ပြီး တဟုန်ထိုး ပြေးသွားတာကြောင့် ဝက်ဝံလည်း ရှောင်ထွက်သွားခဲ့ပါတယ်။
စွန့်ပစ်ခံထားရတဲ့ ခွေးကလေး ချီကိုကို ယိုရှီဟာရာက ကျွေးမွေး စောင့်ရှောက်ခဲ့သလို ယိုရှီဟာရာ အသက်ဘေး ကြုံချိန်မှာလည်း ခွေးကလေးက သူ့အသက်ကို ကယ်တင်ပေးခဲ့တာပါ။
Ref: Abandoned Dog Once Called ‘Too Loud’ Becomes Hero, Saves Monk From Bear Attack
NZ ( ရိုးရာလေး)

