တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးနေတဲ့ ဘုရားရှိခိုးကျောင်းမှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲ

couple.png

စုံတွဲတစ်တွဲက တိုင်ဖွန်းမုန်တိုင်းကြောင့် သူတို့ မင်္ဂလာပွဲကျင်းပမယ့် မင်္ဂလာခန်းမ ရေကြီးနေတာတောင် သူတို့ရဲ့အထူးနေ့ကို ရက်မရွှေ့ဘဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစုံတွဲကတော့ ဖိလစ်ပိုင်နိုင်ငံက ဂျိတ် ရစ်ခ် ဗာဒီလို နဲ့ ဂျာမေကာ အာကွီလာတို့ပါပဲ။

ဇူလိုင်လ ၂၂ ရက်နေ့က ဂျိတ်နဲ့ ဂျာမေကာတို့က Barasoain ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းကြောင့် အဲ့ဒီဘုရားရှိခိုကျောင်းက ရေကြီးနေပါတယ်။ ရေတွေကြားထဲမှာပဲ မင်္ဂလာဆောင်ခဲ့တာပါ။ သတို့သမီးရဲ့အဖြူရောင်မင်္ဂလာဝတ်စုံအောက်ပိုင်းက ရေတွေထဲ မြုပ်နေပါတယ်။ ရေတွေက သူတို့ရဲ့ဒူးနားလောက်ထိ နစ်ပါတယ်။

သတို့သမီးအရံ၊ မိသားစုဝင်တွေအပါအဝင် ဧည့်သည်တော်တွေကလည်း ရေတွေနဲ့ထိနေပါတယ်။ ရေတွေကြားထဲမှာပဲ အဖွဲ့လိုက် ဓာတ်ပုံရိုက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ ဂျိတ်တို့စုံတွဲက ချစ်သူသက်တမ်း ၁၀ နှစ်အကြာမှာ အခုလိုလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: Filipino Couple Marries in Flooded Church amid Typhoon in ‘Extraordinary’ Wedding: ‘Love Prevailed’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top