မွေးဇာတိ Hangzhou မြို့ရဲ့ဂုဏ်ထူးဆောင်မြို့သားဖြစ်လာတဲ့ Jack Ma

yyl099013.jpg

ကမ္ဘာသိအွန်လိုင်းအရောင်းလုပ်ငန်းကြီး အလီဘာဘာ (Alibaba) ရဲ့တည်ထောင်သူ ဂျက်မာ (Jack Ma) ကို သူ့မွေးရပ်ဇာတိ Hangzhou မြို့က ဂုဏ်ထူးဆောင်မြို့သားဆု ချီးမြှင့်ပေးအပ်လိုက်ပါတယ်။

၂၀၁၉ ခုနှစ်မှာ တည်ထောင်တဲ့သက်တမ်း နှစ် (၂၀) ပြည့်ခဲ့ပြီဖြစ်တဲ့ အလီဘာဘာအွန်လိုင်းအရောင်းလုပ်ငန်းကို ၁၉၉၉ ခုနှစ်တုန်းက ဂျက်မာအပါအဝင် လူ (၁၈) ယောက်တည်းနဲ့ စတင်လည်ပတ်ခဲ့တာပါ။ အဲဒီလိုအစပြုခဲ့ရတဲ့ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်အတွင်း နယူးယော့ခ်စတော့အိတ်ချိန်းသမိုင်းတစ်လျှောက် ရှယ်ယာရောင်းချရမှုအများဆုံးလုပ်ငန်းအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့အပြင် ၂၀၁၉ ဇွန်လကထုတ်ပြန်ခဲ့တဲ့ လေးလပတ်အစီရင်ခံစာအရ ဝန်ဆောင်မှုကိုပုံမှန်သုံးစွဲသူပေါင်း (၇၅၅) သန်းထိရှိလာခဲ့ပါပြီ။

ဂျက်မာအတွက် ဆုစီစဉ်ချီးမြှင့်ပေးခဲ့တဲ့ Hangzhou မြို့မြူနီစပယ်ပါတီအတွင်းရေးမှူး Zhou Jiangyong က “ဂျက်မာဟာ ဒစ်ဂျစ်တယ်ခေတ်မှ ာအသစ်အဆန်းတစ်ခုကိုဖန်တီးသူတစ်ဦးဖြစ်သလို စွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ်အတွက်လည်း စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ” လို့ ဆိုခဲ့ပါတယ်။

Ref: CGTN “Jack Ma won the key resident award in his hometown Hangzhou”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top