ဒါရိုက်တာဂျိမ်းစ် ဂန်ရဲ့ Superman ရုပ်ရှင်ကားက ၂၀၂၅ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးစူပါဟီးရိုးရုပ်ရှင်ဖြစ်လာပါတယ်။ အဲ့ဒါက DC Studios အတွက် အဓိကအောင်မြင်မှုဖြစ်ပြီး နောက်ထွက်ရှိလာမယ့် Supergirl အတွက် အလားအလာကောင်းတွေဖြစ်လာစေခဲ့ပါတယ်။
ဇူလိုင်လထဲ ထွက်ရှိလာတဲ့ Superman ဇာတ်ကားက အခုအချိန်အထိ ဝင်ငွေ ကန်ဒေါ်လာ သန်း ၅၁၀.၈ သန်းရရှိထားပြီး Captain America:Brave New World (၄၁၅ သန်း)၊ Thunderbolts (၃၈၂.၃ သန်း)၊ The Fantastic Four:First Steps (၂၄၁.၃သန်း) အပါအဝင် Marvelရဲ့ ၂၀၂၅ ခုနှစ်ဇာတ်ကားတွေအားလုံးထက်သာလွန်နေတယ်လို့ Box Office Mojo အရ သိရပါတယ်။
ဒေးဗစ် ကိုရမ်စဝက်တ် သရုပ်ဆောင်ထားတဲ့ Superman က DCU ရဲ့Chapter One မှာ အဖွင့်လှခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားရဲ့ Box Office စွမ်းဆောင်ရည်က နောက်ဆက်တွဲဇာတ်ကားအတွက် အရေးပါသလို ဒီစကြဝဠာနဲ့ ချိတ်ဆက်ထားတဲ့ ပရောဂျက်အသစ်တွေအတွက်လည်း အရေးကြီးပါတယ်။ အဓိကအလားအလာကောင်းသွားစေခဲ့တာကတော့ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိမယ့် Supergirl ရုပ်ရှင်ကားကိုပါ။
Supergirl အဖြစ် သရုပ်ဆောင်ထားတဲ့ မီလီ အယ်လ်ကော့ခ်က Superman မှာ ဧည့်သည်အဖြစ်ပါဝင်ထားပါတယ်။ Superman မှာ အခုလိုမိတ်ဆက်လိုက်တဲ့အတွက် Supergirl ဇာတ်ကောင်မှာ စိတ်ဝင်စားမှုပြင်းထန်သွားစေခဲ့ပါတယ်။
Ref: Superman is 2025’s top superhero movie, giving DC’s Supergirl a major box office boost
WL ( ရိုးရာလေး)

