အာရှအားကစားပြိုင်ပွဲမှာ တာဝန်ကျနေရင်း ပွဲကြည့်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်

28.9.23-yyl-1.jpg

၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ တာဝန်ကျတဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးက ပွဲကြည့်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သူ့ကို တရုတ်ရဲ့ရုပ်ရည်ချောမောဆုံးရဲအဖြစ် အမည်ပေးထားကြပါတယ်။ တချို့တွေက သူ့ကို ဖျော်ဖြေရေးလောကထဲ ချက်ခြင်းဝင်ရောက်လို့ရတယ်လို့တောင် ပြောခဲ့ကြတာပါ။ အခုဆို သူဟာ Douyin တရုတ်လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပါတယ်။

အမည်မသိ အဲဒီတရုတ်ရဲတပ်ဖွဲ့ဝင်ကို တရုတ်မင်းသားတွေဖြစ်တဲ့ ဟူယွီထျန်နဲ့ ကန်နီကွမ်တို့နဲ့ ရုပ်ချင်းဆင်တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတချို့ကပြောနေကြတာပါ။ အဲဒီတရုတ်ရဲက အင်တာဗျူးတစ်ခုမှာ Douyin မှာ နာမည်ကြီးပြီးကတည်းက လူတော်တော်များများဟာ သူ့ ရှေ့က ဖြတ်သွားပြီး နှစ်ခါပြန်ပြန်ကြည့်ကြတယ်လို့ ပြောပါတယ်။ သူက တခြားသူတွေနဲ့မထူးမခြားနားပါပဲ၊ အာရှအားကစားပြိုင်ပွဲမှာ သူ့အလုပ်ကို လုပ်နေရုံပါပဲလို့လည်း ဆိုပါတယ်။

Ref: China’s “Most Handsome Policeman” Steals Hearts While Patrolling The Streets At The Asian Games

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top