မကြာသေးခင်က အသက် ၆၃ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီး တိုနီလျန်ဟာ Labubu ဖန်တီးရှင် ဟောင်ကောင်ဖွားပညာရှင် Kasing Lung ရဲ့ စတူဒီယိုဆီ အလည်သွားခဲ့ပါတယ်။ အဲ့ဒီမှာ ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၊ Kasing Lung၊ Ocean Park Hong Kong တို့ ပူပေါင်းထုတ်လုပ်ထားတဲ့ Limited Edition Labubu x Panda Twins အရုပ်ကို လက်ဆောင်ရရှိခဲ့ပါတယ်။
ပန်ဒါအမြွှာကို ကိုင်ထားတဲ့ အစိမ်းရောင် Labubu အရုပ်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လက Ocean Park မှာ မွေးဖွားခဲ့တဲ့ ပန်ဒါအမြွှာရဲ့ပထမဆုံးမွေးနေ့အမှတ်အသားဖြစ်ပါတယ်။ တိုနီလျန်ဟာ လက်ဆောင်ရရှိတဲ့ အဲ့ဒီအရုပ်ကို သူ့ဘာသူ သိမ်းထားမယ့်အစား သူ့ရဲ့ဇနီး မင်းသမီး ကာရီနာ လုံကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

ကာရီနာက သူ့ခင်ပွန်းနဲ့အတူ Kasing ရဲ့စတူဒီယိုကို ပါမသွားခဲ့ပေမဲ့ Kasing က ကာရီနာရဲ့နာမည်ပါတဲ့ Labubu အရုပ်ပုံတူကို လက်ဆောင်ပေးခဲ့ပါတယ်။
Ref: Tony Leung Receives Limited Edition Labubu x Panda Twins From Creator… And Immediately Gave It To Wife Carina Lau
WL (ရိုးရာလေး)

