ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေပေါ်မှာ ပိုးသတ်ဆေးတွေ ကျန်ရှိနေသလားဆိုတာ စစ်ဆေးနိုင်မယ့် လက်ကိုင်စက်တစ်မျိုးကို ၁၄ နှစ်အရွယ် ကျောင်းသားလေးက တီထွင်ဖန်တီးခဲ့ပါတယ်။
သျှရီသုဘဟာ ” အသီးတွေ မစားခင် ရေဆေးပါ”ဆိုတဲ့ စကားကို ” ဘာကြောင့်လဲ”လို့ စူးစမ်းရာကနေ ပိုးသတ်ဆေး ဖျန်းထားတဲ့အကြောင်း၊ ပိုးသတ်ဆေးတွေ ကျန်နေနိုင်တဲ့အကြောင်း သိသွားပြီး Pestiscand ဆိုတဲ့ ဉာဏ်ရည်တုနည်းပညာသုံး ပိုးသတ်ဆေး စစ်ဆေးစက်ကို တီထွင်ဖြစ်ခဲ့တာပါ။
Pestiscand စက်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေပေါ်မှာ ပိုးသတ်ဆေးတွေ ကျန်ရှိနေသလားဆိုတာကို စက္ကန့်ပိုင်းအတွင်း Scan ဖတ် စစ်ဆေးပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း သျှရီသုဘရဲ့ ဖန်တီးမှုဟာ 3M Young Scientist Challenge မှာ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ဆုရခဲ့ပါတယ်။
Ref: 14-year-old named America’s Top Young Scientist for inventing an AI-based handheld pesticide detector
NZ (ရိုးရာလေး)

