ဘယ်သူတွေ သူ့ရဲ့နာရေးလာမလဲသိရဖို့ သေချင်ယောင်ဆောင်ပြီး နာရေးအတုဖန်တီးခဲ့တဲ့ အမျိုးသား

deaad.jpg

အသက် ၇၄ နှစ်အရွယ် အိန္ဒိယလူမျိုးလေတပ်စစ်မှုထမ်းဟောင်း မိုဟန် လယ် ဆိုသူဟာ Konchi ရွာလေးမှာ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ သူ့ရဲ့နာရေးကို ဘယ်သူတွေလာမလဲဆိုတာ သိရဖို့ သူသေဆုံးသွားပြီဆိုပြီးတော့ နာရေးအတုဖန်တီးခဲ့ပါတယ်။ သူဟာ အခေါင်းထဲ လဲလျောင်းနေပြီးတော့ သေချင်ယောင်ဆောင်နေခဲ့ပါတယ်။ 

သူ့ရဲ့နာရေးကို လူပေါင်းရာချီတက်ရောက်ကာ အရိုအသေပေးခဲ့ကြတဲ့အတွက် သူ့ရဲ့စမ်းသပ်မှုက အလုပ်ဖြစ်ခဲ့ပါတယ်။ “သေဆုံးပြီးတဲ့နောက် လူတွေက အခေါင်းထမ်းစင်ကို သယ်ဆောင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်မြင်တွေ့ချင်ပြီး လူတွေက ကျွန်တော့်ကို ဘယ်လောက်လေးစားချစ်ခင်ကြလဲဆိုတာ ကြည့်ချင်ခဲ့တယ်”လို့ မိုဟန်က ပြောပါတယ်။ 

သူ့ရဲ့အခေါင်းကို မီးသင်္ဂြိုဟ်ရာနေရာဆီ သယ်ဆောင်သွားနေရင်း ရောက်ခါနီးအချိန်မှာ သူဟာ လူအုပ်ကြီးကို သူ အသက်ရှင်နေသေးကြောင်း မက်တပ်ရပ်ကာ ပြသခဲ့ပါတယ်။ သူ သေဆုံးချင်ယောင်ဆောင်တာကနေ ပြန်ထလာခဲ့ပြီးတဲ့နောက် နာရေးတက်ရောက်ခဲ့သူတွေက လူပုံစံရုပ်တုကို မီးရှို့ခဲ့ကြပါတယ်။ အဲ့ဒီနောက် တစ်ရွာလုံးအတွက် အဖွဲ့လိုက်စားသောက်ပွဲကျင်းပဖြစ်ခဲ့ပါတယ်။ မိုဟန်က မိုးရာသီကာလအတွင်း မီးသင်္ဂြိုဟ်တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ဖို့ ရွာအတွက် မီးသင်္ဂြိုဟ်ရုံတစ်ခု လှူဒါန်းခဲ့ပါတယ်။ 

Ref: Dad-of-two fakes own funeral ‘to see who shows up’ before jumping from casket

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top