နာမည်မှာ ဖခင်ဖြစ်သူရဲ့နာမည်ကို ဖြုတ်ဖို့ တရားရုံးဆီ လျှောက်ထားတဲ့ ဂျိုလီရဲ့သား မတ်ဒ်ဒို

Jolie.png

ကမ္ဘာကျော်သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီ နဲ့ ဘရက်ပစ်တို့ရဲ့သားအကြီးဆုံး မတ်ဒ်ဒိုဟာ သူ့ရဲ့နာမည် နောက်ဆုံးမှာရှိတဲ့ အဖေဖြစ်သူ ဘရက်ပစ်ရဲ့နာမည်ကို တရားဝင်ဖြုတ်ဖို့ တရားရုံးဆီ လျှောက်ထားခဲ့ပါတယ်။

မတ်ဒ်ဒိုက သူ့ရဲ့နာမည်ကို မတ်ဒ်ဒို ချီဗန် ဂျိုလီအဖြစ် ပြောင်းလဲဖို့ လျှောက်ထားခဲ့တာပါ။ သူက သူ့အမေနဲ့အတူ လက်ထောက်ဒါရိုက်တာအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး သူ့ရဲ့နာမည်ကိုလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာလက Toronto International Film Festival အတွင်း ထုတ်လုပ်ရေးမှတ်တမ်းတွေမှာ အဖေနာမည်မပါတဲ့ နာမည်ကို ဖော်ပြစေခဲ့ပါတယ်။

မတ်ဒ်ဒိုအပြင် ဇာဟာရာနဲ့ ရှိုင်လို နူဗယ် ဂျိုလီကလည်း သူ့အဖေရဲ့နာမည်ကို ဖြုတ်ခဲ့ပါတယ်။ ရှိုင်လိုကတော့ ၂၀၂၄ ခုနှစ်က သူ့ရဲ့အသက် ၁၈ နှစ်ပြည့်မွေးနေ့မှာ နာမည်ပြောင်းလဲဖို့ တရားရုံးလျှောက်ထားခဲ့ပါတယ်။

Ref: Angelina Jolie And Brad Pitt’s Son Maddox Files To Drop ‘Pitt’ From His Surname

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top