၃၂ နှစ်အကြာမှာ God of Gamblers Returns ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်နဲ့ ပြန်ဆုံစည်းခဲ့တဲ့ ချောင်ယွန်ဖက်

260604_Chowyunfatxiemiao.jpg

၃၂ နှစ်အကြာမှာ ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက်ဟာ ကလေးသရုပ်ဆောင်ဟောင်း မင်းသား ရှဲ့မောင် နဲ့ ပြန်လည်ဆုံစည်းဖြစ်ခဲ့ပါတယ်။ မင်းသားရှဲ့မောင်က ဟောင်ကောင်မှာ သူ့ရဲ့နောက်ဆုံးထွက်အက်ရှင်ဇာတ်ကား The Furious ကို ပရိုမိုးရှင်းလုပ်နေတဲ့အချိန်မှာ ချောင်ယွန်ဖက်နဲ့ တွေ့ဆုံခဲ့တာပါ။

အသက် ၇၁ နှစ်အရွယ် ချောင်ယွန်ဖက်က ပွဲကျင်းပရာခန်းမအတွင်းဝင်ပြီး ရှဲ့မောင်ကို နွေးထွေးစွာ နှုတ်ဆက်စကားပြောခဲ့တာကို ဗီဒီယိုတစ်ခုမှာ တွေ့မြင်ခဲ့ရတာပါ။ Mo Tse လို့ လူသိများတဲ့ အသက် ၄၂ နှစ်အရွယ် ရှဲ့မောင်က အခုဆို ကိုယ်ခံပညာသရုပ်ဆောင်တစ်ဦးဖြစ်နေပြီး ချောင်ယွန်ဖက်ကို တွေ့တော့ အံ့အားသင့်သွားပုံရပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၉၄ ခုနှစ်ရဲ့ God of Gamblers Returns ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့ကြတာပါ။ ရှဲ့မောင်က ယွန်ဖက်ကို “မတွေ့ရတာကြာပြီနော်”လို့လည်း ပြောခဲ့တာတွေ့ရပါတယ်။ God of Gamblers Returns ဇာတ်ကားမှာပဲ ပါဝင်ခဲ့တဲ့ တွန်နီလျန်ကိုလည်း သူတို့နှစ်ဦးနဲ့အတူ ဓာတ်ပုံအတူတူရိုက်ခဲ့တာတွေ့ရပါတယ်။

ရှဲ့မောင်က မင်းသားကြီးဂျက်လီရဲ့သားအဖြစ် The New Legend of Shaolin (1994) နဲ့ My Father Is a Hero (1995)ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ My Father Is a Hero (1995) ဇာတ်ကားရိုက်ကူးတော့ ရိုက်ကွင်းကို ချောင်ယွန်ဖက်က လာလည်ခဲ့ပြီး ရှဲ့မောင်ကို ဟောင်ကောင်ဒေါ်လာ ၅၀၀၀ အန်ပေါင်းပေးပြီးတော့ ကျောင်းပြန်တက်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ရှဲ့မောင်က ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ ကျောင်းပြန်တက်ခဲ့ပြီး Capital University of Physical Education and Sports ကနေ ဘွဲ့ရပြီးနောက် ၂၀၀၆ ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကို ပြန်လုပ်ခဲ့ပါတယ်။

Ref: Chow Yun Fat reunites with child actor from God of Gamblers Returns after 32 years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top