ဗြိတိန်နိုင်ငံမှ အငြိမ်းစားတစ်ဦးဟာ အွန်လိုင်းကနေ ထီလက်မှတ် ဝယ်ယူရာမှာ မှားနှိပ်မိပြီး လက်မှတ်တူ ၂ စောင် ဝယ်မိရာကနေ ပေါင် ၆ သိန်းကျော် (ဒေါ်လာ ၉ သိန်း) ကံထူးခဲ့ပါတယ်။
အသက် ၆၅ နှစ်အရွယ်ရှိတဲ့ အလန်တေလာဟာ အွန်လိုင်းကနေ Postcode Lottery ထီလက်မှတ် ဝယ်ယူခဲ့တာဖြစ်ပြီး ထီလက်မှတ် တစ်စောင်ချင်းစီအတွက် ပေါင် ၃၃၃၃၃၃ စီ ရရှိခဲ့တာပါ။ နံပါတ်တူ ထီလက်မှတ် ၂ စောင် မှားယွင်းဝယ်ယူမိခဲ့တဲ့ ဒီအမှားဟာ သူ့ဘဝမှာ အကျေနပ်ဆုံးအမှား ဖြစ်တယ်လို့ အလန်တေလာက ဆိုပါတယ်။
အလန်တေလာတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အငြိမ်းစားယူခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ထီဆုကြေးတွေကို မိသားစုအတွက်၊ ကမ္ဘာလှည့် ခရီးထွက်ဖို့အတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
Ref: Man Doubles His Jackpot After Accidentally Buying 2 Winning Lottery Tickets: ‘Best mistake I ever made’
NZ (ရိုးရာလေး)

