ယီမင်ပင့်ကူလူသားလို့ ကျော်ကြားတဲ့ စွန့်စားသူတစ်ဦးဟာ မတ်စောက်တဲ့ ကျောက်ဆောင်ကို လုံခြုံရေးကိရိယာမပါဘဲ လက်ဗလာနဲ့ တက်ရင်း မီးတောင်ဝထဲ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိတဲ့ အယ်ကာကာအန်တာဟာ ပြီးခဲ့တဲ့သောကြာနေ့က ယီမင်နိုင်ငံတောင်ပိုင်း ဒါလီပြည်နယ်ရဲ့ ဟာဒါဒမ်မီးတောင်ဝ ကျောက်ဆောင်နံရံကို လက်ဗလာနဲ့ တက်ခဲ့တာပါ။ ယီမင်နိုင်ငံ မြို့ပြကာကွယ်ရေးအာဏာပိုင်အဖွဲ့က လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ၁၀ စက္ကန့် ရုပ်သံမှတ်တမ်းအရ အန်တာဟာ ကျောက်ဆောင်ပေါ်မှာ ညာလက်တစ်ဖက်တည်းနဲ့ တွဲခိုထားရင်း ပြုတ်ကျသွားခဲ့တာ တွေ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ နက်စောက်တဲ့ ကျောက်ဆောင်အောက်ကို ဆင်းပြီး ၄ နာရီကြာ အချိန်ယူကာ အန်တာရဲ့ ရုပ်အလောင်းကို ရေအောက်အနက် ပေ ၁၀၀ ကနေ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။
အန်တာဟာ အန္တရာယ်များတဲ့ စွန့်စားမှုတွေကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်မှာ ထင်ပေါ်ကျော်ကြားလာသူဖြစ်ပါတယ်။
Ref: ‘Spider-Man of Yemen’ dies in fall while climbing volcanic crater
NZ (ရိုးရာလေး)

