BlackPink အဖွဲ့ဝင် Lisa နဲ့ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် LVMH Watches ရဲ့စီးအီးအို Frédéric Arnault တို့ရဲ့ဆက်ဆံရေးအပေါ် လူစိတ်ဝင်စားနေခဲ့ကြတာကြာပြီ။ အခုလည်း Lisa နဲ့ Frédéric Arnault တို့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လို့နေပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ထုတ်ဝေခဲ့တဲ့ Vanity Fair မဂ္ဂဇင်းရဲ့ “The Life of a K-Pop Showgirl” Cover Story နဲ့ အင်တာဗျူးပြီးနောက် ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။
Lisa ရဲ့အဖွဲ့က သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝအကြောင့် မေးခွန်းတွေမမေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ Lisa က Frederic Arnault နဲ့အကြောင်း တိုက်ရိုက်မှတ်ချက်ပြုမထားပေမဲ့ မကြာသေးခင်ကမှ လမ်းခွဲလိုက်တဲ့ပုံရတယ်လို့ မဂ္ဂဇင်းက ပြောပါတယ်။ မတ်လ Lisa ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ပါတီမှာလည်း Frederic ရှိမနေခဲ့တာကြောင့်လည်း လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းတွေက ထပ်မံထွက်ပေါ်နေခဲ့တာပါ။
Lisa က မကြာသေးခင်ကမှ 2026 North American World Cup အဖွင့်ပွဲမှာ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
Ref: Blackpink’s Lisa reportedly parts ways with Frédéric Arnault, addresses privacy in interview
WL ( ရိုးရာလေး)

