အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် Influencer တစ်ဦးဖြစ်တဲ့ ရခ်ျနာဂူဂျာဟာ YouTube နဲ့ အခြားဆိုရှယ်မီဒီယာတွေပေါ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဖော်ပြခဲ့ပြီးနောက် နေအိမ်ဖောက်ထွင်းခံခဲ့ရလို့ လက်ဝတ်ရတနာတွေနဲ့ အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရပါတယ်။
ဂူဂျာတို့ ဇနီးမောင်နှံဟာ မဟာပရာဒက်ရှ်ပြည်နယ် ရှီဝပူရီခရိုင်မှာရှိတဲ့ နေအိမ်မှာ အိပ်ပျော်နေတုန်း လူတစ်စုက ခြံစည်းရိုးဖြတ် ဝင်ရောက်လာပြီး သူတို့ အိပ်ခန်းတံခါးကို အပြင်မှပိတ်ကာ ပစ္စည်းတွေ ယူဆောင်သွားခဲ့ကြတာပါ။
နံနက် ၄ နာရီအချိန် အိပ်ယာက နိုးလာပြီးနောက် အိပ်ခန်းတံခါး ဖွင့်မရလို့ လင်မယားနှစ်ယောက် ထိတ်လန့်တကြားဖြစ်ပြီး အိမ်နီးနားချင်းတွေကို ဖုန်းဆက် အကူအညီတောင်းတော့မှ နေအိမ်ဖောက်ထွင်းခံထားရမှန်း သိခဲ့ရတာပါ။ ဖောက်ထွင်းမှုမှာ ရူပီး ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင် ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပေမဲ့ ဖောက်ထွင်းသူတွေက CCTV ကင်မရာတွေကို အခြားဘက် လှည့်သွားခဲ့တာကြောင့် သူတို့ရဲ့ ရုပ်သွင်ကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
Ref: Influencer Shows Off Wealth on Social Media, Unsurprisingly Gets Burglarized
NZ (ရိုးရာလေး)

