Avengers ရိုက်ကွင်းနေရာကို မထင်မှတ်ဘဲ ရောက်ရှိခဲ့တဲ့အမျိုးသား

yyl-8-9-012.jpg

ကမ္ဘာကြီးက အံ့သြစရာအပြည့်နဲ့ဆိုတဲ့စကားက တကယ်ကိုမှန်ပါတယ်။ ဒီအချက်ကို ဘယ်သူမှငြင်းကြမယ် မထင်ပါဘူး။ တစ်ခါတလေ တချို့အရာတွေက စိတ်လှုပ်ရှားစရာကောင်းသလို အကောင်းဘက်ကကြည့်ရင် အံ့အားသင့်စရာပါပဲ။ အမျိုးသားတစ်ယောက်က သူ့မိသားစုနဲ့အတူ အနုပညာပြပွဲတစ်ခုကို သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအနုပညာပြခန်းနေရာက “Avengers:Endgame”ရဲ့ရိုက်ကွင်းနေရာတချို့ဆိုတာ အံ့သြစွာနဲ့ပဲ မြင်တွေ့လိုက်ရပါတယ်။

Avengers Endgame ရိုက်ကွင်းနေရာတွေကို မထင်မှတ်ထားဘဲ ရောက်ရှိခဲ့တဲ့သူက မက်ခ်ဆိုတဲ့အမျိုးသားပါ။ သူ့မရီးက Sainsbury Centre for Visual Arts ကို အလည်သွားပြီး ကြွေထည်ပြပွဲကို အဲဒီမှာသွားကြည့်ချင်ခဲ့တာပါ။ မက်ခ်ကလည်း သူ့မိသားစုနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ သူတို့ကားပါကင်ထိုးတဲ့အချိန်မှာ Avenger: Endgame ထဲက ဇာတ်ဝင်ခန်းနေရာတစ်ခုကို တွေ့ခဲ့ရပါတယ်။
အဲဒီနောက်မှာ သူ့မိသားစု သူတို့စီစဉ်ထားတဲ့အတိုင်း ပြခန်းကို သွားခဲ့ပြီး မက်ခ်ကတော့ သူ့မိသားစုနဲ့ မလိုက်ဘဲ ပုံတွေရိုက်ရင်းနဲ့ လှည့်ပတ်ကြည့်ခဲ့ပါတယ်။ သူ လှည့်ပတ်ကြည့်တဲ့အချိန်မှာ နောက်ထပ်ဇာတ်ဝင်ခန်းထဲက နေရာကိုလည်း တွေ့ခဲ့ရပါသေးတယ်။

သူက Endgame မှာတွေ့ရတဲ့ ရုံးချုပ်အဆောက်အဦးအဖြစ် Porche North American အဆောက်အဦးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အပြင်မှာတော့ အဲဒီအဆောက်အဦးမှာ စားပွဲတွေအများကြီးနဲ့ ကိုယ်ထူကိုယ်ထစားသောက်ဆိုင်လေးရှိပါတယ်။ မက်ခ်က အဲဒီ Avengers အဆောက်အဦးမှာ brownie မုန့်ကိုတောင် စားခဲ့ပါသေးတယ်။ အင်တာနက်အသုံးပြုသူတွေက သူ့ရဲ့ပုံတွေကို မြင်ပြီး အားကျနေကြပါတယ်။

Ref: Boredpanda “Guy Realizes The Exhibition He’s Attending Is The Same Place That Avengers: Endgame Was Filmed In”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top