ဇူလိုင် ၃ ရက်နေ့ကျ Madison Square Garden မှာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ တေလာဆွစ်ဖ်

marr.jpg

ကမ္ဘာကျော်ပေါ့ပ်ဘုရင်မ တေလာဆွစ်ဖ်ဟာ သူ့ချစ်သူ ထရာဗစ်ကယ်လ်စီနဲ့ နှစ်ရက်ကြာ မင်္ဂလာပွဲကျင်းပဖို့အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

၂၀၂၃ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ ဇူလိုင် ၃ ရက်နေ့မှာ လက်ထပ်ဖို့ မျှော်လင့်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မင်္ဂလာပွဲကျင်းပမယ့်နေရာအနေနဲ့ Madison Square Garden ကို ရွေးချယ်ထားပြီး မိသားစုဝင်၊ သူငယ်ချင်းမိတ်ဆွေ ၁၀၀ ဝန်းကျင်လောက် တက်ရောက်မယ့် ပွဲကို အရင်လုပ်ပြီးမှ ဧည့်သည် ၁၀၀၀ နဲ့ ၂၀၀၀ ကြားတက်ရောက်မယ့် ဧည့်ခံပွဲကြီးတစ်ခုပြုလုပ်မယ်လို့ သိရပါတယ်။ ပထမဆုံးတွေ့ဆုံပွဲကို ဇူလိုင် ၂ ရက်နေ့မှာ ပြုလုပ်ပြီး နောက်တစ်နေ့ ဇူလိုင် ၃ ရက်နေ့ကျ မင်္ဂလာဧည့်ခံကြီးလုပ်ဖို့ မျှော်လင့်ရပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး တေလာနဲ့ ထရာဗစ်တို့က အတည်ပြုထားခြင်းမရှိသေးသလို သူတို့ရဲ့တာဝန်ရှိသူတွေကလည်း ဒီသတင်းအတွက် တုံ့ပြန်လာခြင်းမရှိသေးပါဘူး။

Ref: Taylor Swift reportedly preparing for wedding at New York’s Madison Square Garden

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top