ဂူဂျွန်ဖြိုးအဖြစ် မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသားချော လီမင်ဟိုဟာ ကိုရီးယားဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိနေပါတယ်။ “But Your Love” ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထွက်ရှိပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး JTBC ရုပ်သံလိုင်းရဲ့ အေဂျင်စီ MYM Entertainment က “လီမင်ဟိုဟာ “But Your Love” ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ရရှိခဲ့ပြီး ဒီကမ်းလှမ်းချက်ကို ပြန်လည်သုံးသပ်စဉ်းစားနေတယ်”လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲသစ်ဟာ အပိုင်း ၁၂ ပိုင်းပါဝင်မှာဖြစ်ပြီး အချစ်ဟာသဇာတ်လမ်းတွဲဖြစ်တယ်လို့ သိရပါတယ်။ လီမင်ဟိုသာ ဒီကမ်းလှမ်းချက်ကို လက်ခံမယ်ဆိုရင် ဂိမ်းကုမ္ပဏီရဲ့ အထွေထွေဒါရိုက်တာ ချာဝုခ်ဟွန်းအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ လီမင်ဟိုက သူ့ရဲ့ဇာတ်ကားအသစ် “Assassin(s)”ကို ရုံတင်ဖို့ ပြင်ဆင်နေပါတယ်။ “But Your Love” ဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖြစ်ခဲ့ရင် “When the Stars Gossip “ဇာတ်လမ်းတွဲအပြီး ၂ နှစ်အကြာမှာ ပါဝင်မယ့် သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်မှာပါ။
ဒီနှစ်ကုန်မတိုင်ခင် ရိုက်ကူးဖို့ စီစဉ်ထားတဲ့အတွက် လက်ရှိမှာ သရုပ်ဆောင်ရွေးချယ်မှုတွေလုပ်ဆောင်နေပါတယ်။
Ref: Lee Min Ho In Talks For New Rom-Com
WL (ရိုးရာလေး)

