Empire State Building ထိပ်တက်ပြီး လက်ထပ်ခွင့်တောင်းတဲ့ စွန့်စားရဲသူစုံတွဲ အဖမ်းခံရ

hh.webp

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တည်ရှိတဲ့ ကမ္ဘာကျော်မိုးမျှော်တိုက်တစ်ခုဖြစ်တဲ့ Empire State Building ထိပ်ကို အမဲရောင်ဝတ်ဆင်ပြီးမျက်နှာအုပ်ထားတဲ့ စုံတွဲနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ သူတို့စုံတွဲက ဆိုင်းဘုတ်တစ်ခုကို ဖြန့်ကာ လက်ထပ်ခွင့်တောင်းနေပုံရပါတယ်။ အဲ့ဒီစုံတွဲနှစ်ဦးက အန်ဂျလာ နီကိုလာနဲ့ အိုင်ဗန် ဘီယာကွတ်စ်လို့ သိရပါတယ်။

သူတို့စုံတွဲက မိုးမျှော်တိုက်ရဲ့ထိပ်ဆုံးကို တက်ပြီး “မေတ္တာရဲ့စွမ်းအားက အာဏာရဲ့မေတ္တာကို အနိုင်ယူတဲ့အခါ ကမ္ဘာကြီးက ငြိမ်းချမ်းရေးကို သိတယ်”ဆိုတဲ့ စာသားနဲ့ ဆိုင်းဘုတ်ကို ကိုင်ထားပါတယ်။ အဆောက်အဦးထိပ်မှာ အချိန်အနည်းငယ်နေခဲ့ကြပါတယ်။ အိုင်ဗန်က လက်စွပ်ကို ထုတ်ပြီး အန်ဂျလာကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

မိုးမျှော်တိုက်ပေါ် တက်လာခဲ့တဲ့ ရဲအရာရှိတွေက သူတို့စုံတွဲကို တွေ့ဆုံပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။ ရဲအရာရှိတွေက သူတို့စုံတွဲကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်ကို ပြန်လည်ရယူခဲ့ပါတယ်။ မိုးမျှော်တိုက်က မြေပြင်ကနေ ပေ ၁၄၅၄ မြင့်ပါတယ်။ မိုးမျှော်တိုက်ရဲ့စည်းမျဉ်းမှာ မျက်နှာဖုံးတွေနဲ့ costume တွေဝတ်ဆင်တာကို တားမြစ်ပါတယ်။

အန်ဂျလာနဲ့ အိုင်ဗန်တို့စုံတွဲဟာ ကမ္ဘာတစ်ဝှမ်းက အဆောက်အဦးမြင့်တွေပေါ်ကို ဘေးကင်းလုံခြုံရေးကြိုး (သို့)ကိရိယာတွေ မပါဘဲတက်ရောက်တဲ့ စွန့်စားရဲသူစုံတွဲအဖြစ် နာမည်ကြီးပါတယ်။

Ref: Daredevil couple ID’d after being arrested for brazen climb to top of Empire State Building

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top