သမိုင်းနောက်ခံအက်ရှင်ဇာတ်ကားမှာ မင်းသားကြီး လီဗြောင်ဟွန်းနဲ့အတူ ပါဝင်သရုပ်ဆောင်မယ့် ဂိုယွန်ဂျောင်

bb.jpg

မင်းသမီး ဂိုယွန်ဂျောင်က “Nambeol” ဇာတ်ကားအသစ်မှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီ Hive Media Corp က ဒီဇာတ်ကားအသစ်မှာ အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်ထားတယ်လို့ ကြေညာခဲ့တာပါ။

ယွန်ဂျောင်က မင်းသားကြီး လီဗြောင်ဟွန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ လီဗြောင်ဟွန်းက စစ်သည်အဖွဲ့ရဲ့ခေါင်းဆောင် အမ်အွန်အဖြစ် ပါဝင်မှာဖြစ်သလို ယွန်ဂျောင်က သန်မာပြီး လွတ်လပ်တဲ့အမျိုးသမီးတစ်ဦးဖြစ်တဲ့ အေယောင်းအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Nambeol ဇာတ်ကားက ဂျိုဆွန်းခေတ်အစောပိုင်းမှာ ဇာတ်အိမ်တည်ထားပြီး စွမ်းရည်အမျိုးမျိုးနဲ့ လူမှုရေးအဆင့်အတန်းရှိတဲ့ စစ်သည် ၉ ဦးဟာ ဂျပန်ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံရတဲ့ သုံ့ပန်းတွေကို ကယ်တင်ဖို့ ဆူရှီးမားကျွန်းဆီ ခရီးနှင်တဲ့ သမိုင်းနောက်ခံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ လတ်တလောမှာတော့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့အဆင့်မှာရှိနေပြီး ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ စတင်ရိုက်ကူးဖို့စီစဉ်ထားပါတယ်။

Ref: Go Youn Jung Confirmed To Star Alongside Lee Byung Hun In Upcoming Historical Action Film

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top