မအောင်မြင်ခဲ့တဲ့ ဖူးစာဖက်ရှာဖွေရေးဝက်ဘ်ဆိုက် (သို့မဟုတ်) YouTube

vv.webp

၂၀၀၅ ခုနှစ်မှာ YouTube ကို စတင်လွှင့်တင်ခဲ့စဉ်က ဗီဒီယို မျှဝေရာ ပလက်ဖောင်းကြီး တစ်ခု ဖြစ်လာဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ချစ်သူရှာဖွေရေး ဗီဒီယို (Dating) ပလက်ဖောင်း ပုံစံထုတ်ခဲ့ကြပြီး အသုံးပြုသူတွေက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့ ဗီဒီယိုတွေ တင်ကြလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအကြံက မအောင်မြင်ခဲ့ပါဘူး။

ဖူးစာဖက် ရှာချင်တဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အချက်အလက်တွေကို ပြောထားတဲ့ ဗီဒီယိုတင်ရင် ငွေပေးမယ်လို့တောင် သူတို့က ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ လူတွေက ချစ်သူရှာဖွေရေး ဗီဒီယိုတွေတင်ဖို့ စိတ်မဝင်စားခဲ့ကြဘူး။

အဲဒီအစား ဟာသတွေ၊ အမှတ်တရတွေ၊ သူတို့အိမ်မွေးတိရစ္ဆာန်တွေနဲ့ အခြားဗီဒီယိုတွေပဲ တင်ခဲ့ကြတာပါ။ YouTube ကို တည်ထောင်သူ ၃ ယောက် ( Chad Hurley, Steve Chen, and Jawed Karim)က သူတို့ ထင်မထားတဲ့ လူတွေရဲ့ အပြုအမူကို သတိပြုခဲ့ပြီး သူတို့ပလက်ဖောင်းကိုလည်း ပြောင်းလဲခဲ့ကြပါတယ်။ ဖူးစာဖက်ရှာဖွေတဲ့ ဗီဒီယိုတွေတင် မဟုတ်ဘဲ အသုံးပြုသူတွေ ကြိုက်နှစ်သက်ရာ တင်နိုင်တဲ့ ပလက်ဖောင်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရည်ရွယ်ချက်အတိုင်း ဖြစ်မလာခဲ့ပေမဲ့ လူတွေရဲ့ လိုအပ်ချက်ကို သတိပြုမိပြီး အပြောင်းအလဲ လုပ်နိုင်ခဲ့တာက YouTube ကို ကမ္ဘာ့အကြီးဆုံး ဗီဒီယို ပလက်ဖောင်းကြီး ဖြစ်လာစေခဲ့တာပါပဲ။

Ref: YouTube: A Dating Site That Nobody Wanted

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top