ပရိသတ်တွေစောင့်ဆိုင်းခဲ့တဲ့ကြတဲ့ ထိုင်းထိပ်တန်းအနုပညာရှင်စုံတွဲ Nadech Kugimiya နဲ့ Yaya Urassaya တို့ရဲ့ တတိယမြောက်မင်္ဂလာပွဲအခမ်းအနားက ဇူလိုင် ၁၈ ရက်နေ့မှာ ပြီးသွားခဲ့ပါပြီ။ ဒီမင်္ဂလာပွဲက လူတိုင်းစောင့်ဆိုင်းနေခဲ့ရတဲ့ တစ်နှစ်တာအကောင်းဆုံးမင်္ဂလာပွဲပါပဲ။



Nadech နဲ့ Yaya တို့ရဲ့မင်္ဂလာပွဲဟာ ပရိသတ်တွေနှစ်သက်ကြတဲ့ အနုပညာနယ်ပယ်က နာမည်ကြီးသရုပ်ဆောင်တွေကို ခေါ်ဆောင်လာခဲ့ပါတယ်။ BLACKPINK အဖွဲ့ဝင် Lisa ကလည်း Yaya ရဲ့မင်္ဂလာပွဲကို တက်ရောက်ပေးခဲ့ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကတော့ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ သီးသန့်ဖိတ်ကြားထားတဲ့ပရိသတ်တွေနဲ့အတူ ပြီးမြောက်သွားခဲ့ပါတယ်။



ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး Yayaကတော့ သူ့ခင်ပွန်း Nadech က ဘောလုံးတစ်သင်းစာကလေးလိုချင်တယ်လို့ စနောက်ဖူးခဲ့ပေမဲ့ အခုတော့ တစ်ယောက်လောက်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ ပြုံးပြီး ပြောပါတယ်။ ကလေးက ယောကျ်ားလေးပဲရရ မိန်းကလေးပဲရရ သူတို့ပျော်ပါတယ်လို့လည်း Yaya က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။



Nadech နဲ့ Yaya တို့က Nadech ရဲ့မွေးရပ်မြေ Khon Kaen မှာ ဧပြီ ၁၇ ရက်နေ့က မင်္ဂလာပွဲပြုလုပ်ခဲ့ပြီး Yaya ရဲ့မွေးရပ်မြေ နော်ဝေမှာတော့ မေလ ၂၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။


Ref: Nadech Kugimiya and Yaya Urassaya Celebrated Their Joyous Wedding in Bangkok
WL (ရိုးရာလေး)

