ဆောင်းညတွေထဲက နွေးထွေးသောမေတ္တာတရား

shop.webp

သူ့နာမည်က အလီရီဇာဒိုဂန် (Ali Riza Doğan)။ ၁၉၈၆ ခုနှစ်မှာ တူရကီကနေ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ရောက်လာတဲ့အချိန် အင်္ဂလိပ်လိုလည်း မပြောတတ်၊ ပိုက်ဆံလည်း မရှိတဲ့ သူ့ဘဝက အထီးကျန်ဆန်လွန်းခဲ့တယ်။

နေစရာမရှိတဲ့ ဒိုဂန်ဟာ အလွန်အေးလွန်းတဲ့ ဆောင်းညတွေဆိုရင် သော့မခတ်ထားတဲ့ အဆောက်အအုံတွေထဲမှာ ဝင်အိပ်ရလေ့ရှိတယ်။ အဲဒီနေ့တွေကို သူ လုံးဝ မမေ့ခဲ့ဘူး။ နောက်တော့ ဒိုဂန်က နယူးယော့ခ်မြို့မှာ အောင်မြင်တဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်နိုင်ခဲ့တယ်။ ဆိုင်နာမည်က Ali Baba Mediterranean Cuisine တဲ့။

အိမ်ရာမဲ့ဘဝရဲ့ ခါးသီးမှုတွေကို မမေ့ခဲ့တဲ့ ဒိုဂန်ဟာ အခြားသူတွေ သူ့လို မခံစားရစေဖို့ ချမ်းအေးလွန်းတဲ့ ဆောင်းညတွေဆိုရင် အိမ်ရာမဲ့တွေ ဝင်ရောက် အိပ်စက်နိုင်စေဖို့ သူ့ဆိုင်တံခါးကို ဖွင့်ပေးထားလေ့ရှိတယ်။ ဒါတင်မကသေးဘူး . . . . အစားအသောက်တွေလည်း ကျွေးမွေးတယ်။ သူဟာ တစ်ပတ်ကို လူ ၁၀၀၊ ၁၅၀ ဝန်းကျင် ကျွေးမွေးပြီး အိပ်စက်ခိုနားခွင့် ပေးလာခဲ့တာ ၆ နှစ်ဝန်းကျင် ရှိလာခဲ့ပါပြီ။

ဒါဟာ ကိုယ်ချင်းစာတရားကနေ မွေးဖွားလာတဲ့ မေတ္တာတရား၊ အေးစက်လွန်းတဲ့ ဆောင်းညတွေထဲမှာ နွေးထွေးစေတဲ့ မေတ္တာတရားလို့ ဆိုရမှာပါ။

Ref: Restaurant Owner Hands Out Meals, Invites Homeless People to Sleep in Entryway After Spending Night ‘Lost’ on Street

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top