Christie’s Auction House က “One Goal: A FIFA Global Citizen Education Fund Auction,”လို့ အမည်ပေးထားတဲ့ ပရဟိတလေလံပွဲကို တစ်ပတ်ကြာကျင်းပခဲ့ပါတယ်။ ဒီပွဲက စုစုပေါင်း ဒေါ်လာ ၆၅၂၆၃၀ ရရှိခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံက စုဆောင်းတတ်သူတွေဟာ လေလံပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
လေလံပွဲက ရရှိတဲ့ငွေတွေကို ကမ္ဘာ့တစ်ဝှမ်းက ဆင်းရဲနွမ်းပါတဲ့လူ့အသိုင်းအဝိုင်းက ကလေးတွေအတွက် အရည်အသွေးမြင့်ပညာရေးနဲ့ ဘောလုံးအခွင့်အလမ်းတွေကို ရရှိနိုင်အောင် ပံ့ပိုးပေးတဲ့ FIFA Global Citizen Education Fund ကို အကျိုးပြုမှာဖြစ်ပါတယ်။
လေလံပွဲရဲ့အကြီးမားဆုံးနဲ့ အထူးခြားဆုံးအချက်တစ်ခုကတော့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ Halftime Show အတွင်း BTS အဖွဲ့ရဲ့ Dynamite သီချင်းဖျော်ဖြေမှုကနေ ရခဲ့တဲ့ အမှတ်တရပစ္စည်းတွေဖြစ်ပါတယ်။ BTS အဖွဲ့ဝင် ၇ ယောက်ဝတ်ဆင်ခဲ့တဲ့ပစ္စည်းတွေက စုစုပေါင်း ဒေါ်လာ ၃၀၀၃၀၀ ရရှိခဲ့ပြီး လေလံပွဲစုစုပေါင်းဝင်ငွေရဲ့ ၄၆ ရာခိုင်နှုန်းလောက်ရှိပါတယ်။ Jimin ရဲ့ အင်္ကျီက ဒေါ်လာ ၁၁၀၀၀၀၊ V ရဲ့ပုဝါက ဒေါ်လာ ၄၆၂၀၀၊ JungKook ဂျာကင်က ဒေါ်လာ ၄၆၂၀၀၊ Suga ဘောင်းဘီက ဒေါ်လာ ၃၃၀၀၀၊ J-Hope လက်အိတ်တွေက ဒေါ်လာ ၂၈၆၀၀၊ RM ဖိနပ်တွေက ဒေါ်လာ ၁၉၈၀၀၊ Jin ရဲ့ခါးပတ်က ဒေါ်လာ ၁၆၅၀၀ ဖြစ်ပါတယ်။
Jimin ရဲ့အင်္ကျီက ဈေးအမြင့်ဆုံး BTS ပစ္စည်းဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲဘောလုံးနဲ့ တွဲဖက်ရောင်းချခဲ့တာပါ။ အခြားနာမည်ကြီးဆယ်လီနဲ့ ဘောလုံးသမားတွေရဲ့ပစ္စည်းတွေလည်း လေလံပွဲမှာ ပါဝင်ပါသေးတယ်။ ရှာကီရာ ကို လက်ဆောင်ပေးခဲ့တဲ့ Lionel Messi လက်မှတ်ရေးထိုးထားတဲ့ဂျာစီကို ဒေါ်လာ ၆၆၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ Madonna ဝတ်ဆင်ပြီး လက်မှတ်ရေးထိုးထားတဲ့ ဂိုးသမားလက်အိတ်တစ်စုံကို ဒေါ်လာ ၄၁၈၀၀ ရောင်းချခဲ့သလို ဂျက်စတင်ဘီဘာဝတ်ဆင်ခဲ့တဲ့ Sneaker ကို ဒေါ်လာ ၂၆၄၀၀ နဲ့ရောင်းချခဲ့ပါတယ်။
Ref: BTS Jimin’s 2026 World Cup Final Shirt Sells for $110,000 at Charity Auction
WL ( ရိုးရာလေး)

