ကေတီပါရီနဲ့ အော်လန်ဒိုဘလွန်းတို့ရဲ့ သမီးငယ်လေး မွေးဖွား

27-8-2020-yyl-022.jpg

အမေရိကန်အဆိုတော် ကေတီပါရီက သမီးကလေး မွေးဖွားခဲ့တယ်လို့ သူ့ရဲ့ သတို့သားလောင်းဖြစ်တဲ့ ဗြိတိန်သရုပ်ဆောင်မင်းသား အော်လန်ဒိုဘလွန်းက အင်စတာဂရမ်ပေါ်မှာ အတည်ပြုခဲ့ပါတယ်။ သမီးလေးနာမည်ကို ဒေစီဒေါ့ဗ်ဘလွန်းလို့ အမည်ပေးထားပါတယ်။ မိဘ ၂ ပါးက ကလေးလေးလက်ကို ကိုင်ထားတဲ့ အဖြူ၊ အမည်းဓာတ်ပုံကို ယူနီဆက်ဖ် (Unicef)က အင်စတာဂရမ်ပေါ် တင်ခဲ့ပြီး အဲဒီပို့စ်ကို အော်လန်ဒိုဘလွန်းက ပြန်လည်ဝေမျှခဲ့ပါတယ်။ ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွန်းတို့ ၂ ယောက်လုံးက ယူနီဆက်ဖ်ရဲ့ နှလုံးလှသံတမန်တွေပါ။

အသက် ၃၅ နှစ်ရှိတဲ့ ကေတီပယ်ရီဟာ ပြီးခဲ့တဲ့မတ်လက ထွက်ရှိခဲ့တဲ့ Never Worn White သီချင်းအတွက် တေးသီချင်းဗီဒီယိုရိုက်ကူးချိန်ကတည်းက ကိုယ်ဝန်လွယ်ထားရတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွန်းတို့ဟာ ၂၀၁၆ ခုနှစ်မှာ စတွဲခဲ့ကြပေမဲ့ နောက် ၁၀ လအကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ဒါပေမဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ပြန်တွဲခဲ့ပြီး ပြီးခဲ့တဲ့ချစ်သူများနေ့မှာ စေ့စပ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်လုံး အရင်တုန်းက အိမ်ထောင်ရှိခဲ့ပါတယ်။

Ref: CNN “Katy Perry gives birth to a baby girl named Daisy Dove Bloom”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top