၂၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၂၃ ရက်ကြာ အမှိုက်ကောက်နေသူ

29-5-2020-yyl-019.jpg

COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခံထားရချိန်အတွင်း မွေးနေ့ကျရောက်သူတွေကတော့ အရင်ကလို ပါတီပေးတာ၊ သူငယ်ချင်းတွေ လျှောက်သွား ပျော်ပါးတာမျိုး လုပ်ခွင့်မရကြပါဘူး။ ဒါပေမဲ့ မလေးရှားနိုင်ငံသားတစ်ယောက်ကတော့ သူ့ရဲ့မွေးနေ့ကို အကျိုးရှိရှိ အောင်ပွဲခံခဲ့ပါတယ်။ နာဘီးလို့ အမည်ရတဲ့ လူငယ်ဟာ မေလ ၂၃ ရက်မှာ ၂၃ နှစ်ပြည့်ခဲ့ပါတယ်။ သူက မွေးနေ့ပါတီပွဲလုပ်ချင်ပေမဲ့ ပါတီလုပ်ခွင့်မရလို့ ပုံစံတစ်မျိုးနဲ့ အောင်ပွဲခံဖို့ ဆုံးဖြတ်ပြီး ကလန်တောင်ကြားမှာ ၂၃ ရက်တိုင်တိုင် အမှိုက်ကောက်နေပါတယ်။

” ဒါက တစ်နိုင်တစ်ပိုင်လုပ်ရပ်လေးပါ။ ဒီနေ့ ကျွန်တော် အမှိုက် ၃ထုပ်ရတယ်။ ကျွန်တော် အောင်မြင်စေဖို့ ဆုတောင်းပေးကြပါဦး။ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဇွန်လ ၁၅ ရက်အထိ ကလန်တောင်ကြားကို ကျွန်တော် သန့်ရှင်းရေးဆက်လုပ်မယ်”လို့ နာဘီးက ပြောပါတယ်။ နာဘီးရဲ့လုပ်ရပ်ကို မလေးရှားနိုင်ငံသားတွေက လူမှုကွန်ရက်ပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top