Golden Retriever ခွေးလေးရဲ့ ကုထုံးတိရစ္ဆာန်လေးဖြစ်လာခဲ့တဲ့ ဘဲလေး

duck2.jpg

ဂျက်စတင်နဲ့ တိုရီ ကန်နာရယ်လီတို့ဇနီးမောင်နှံက သူတို့ရဲ့ကလေး ၂ ယောက်၊ ခွေးလေးတစ်ကောင်တို့နဲ့အတူ နယူးယောက်မြို့မှာ နေထိုင်ပါတယ်။ သူတို့မှာ နောက်ထပ်မိသားစုဝင်ရှိပါသေးတယ်။ အဲ့ဒါကတော့ လူးဝစ်ဆိုတဲ့ ဘဲလေးပါ။ သူတို့မိသားစုက ဘဲတစ်ကောင်ကို ပိုင်ဆိုင်ရပြီး သူတို့နဲ့အတူ အကြာကြီးနေဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။

ခင်ပွန်းဖြစ်သူ ဂျက်စတင် ပိုင်တဲ့ ဥယျာဉ်စင်တာအတွက် ဘဲတစ်ကောင်ရှာဖွေဖြစ်ရာကနေ အိမ်မှာ မွေးဖို့ဖြစ်လာခဲ့တာပါ။Facebook Marketplace ကနေတဆင့် Long Island မူလတန်းကျောင်းရဲ့စာသင်ခန်းထဲမှာ ဥကနေပေါက်လာတဲ့ ဘဲတစ်ကောင်ကို ရှာတွေ့ခဲ့ပါတယ်။ ဥယျာဉ်စင်တာကို ခေါ်သွားမယ့်အစား တိုရီက အိမ်ကို ခေါ်လာခဲ့ပါတယ်။

အစကတော့ ခဏတဖြုတ်ခေါ်လာခဲ့ပေမဲ့ လူးဝစ်က သူတို့ရဲ့ခွေးလေး ဘားလေနဲ့ ခွဲမရအောင်ရင်းနှီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘားလေက အတက်ရောဂါစဖြစ်ခဲ့ပါတယ်။ သူ့ကို ဆေးတိုက်တာတွေလုပ်ခဲ့ပြီး ကောင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတချို့ကို တွေ့ရခဲ့ပါတယ်။ ဘားလေက စိတ်မရွှင်လန်းတော့ဘူး။ အရင်လိုမတတ်ကြွတော့ဘူး။

ဒါပေမဲ့ လူးဝစ်နဲ့ ကြားက သူငယ်ချင်းဆက်ဆံရေးက ဘားလေကို ပြန်ပျော်ရွှင်လာစေခဲ့တယ်။ အမြီးလည်းလှုပ်ယမ်းလာခဲ့တယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးပြန်ရှိလာခဲ့ပါတယ်။ လူးဝစ်က ဘာလေးရဲ့ကုထုံးဘဲလေးဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ သူတို့နှစ်ကောင်က ခွဲမရအောင် အတူရှိနေကြပါတယ်။ လူးဝစ်က ဘားလေကို နမ်းတယ်။ ဘားလေက လူးဝစ်ကို လိုက်ဖမ်းတယ်။ အတူတူဆော့ကစားဖြစ်နေကြပါတယ်။

Ref: How a duck’s friendship helped a New York family’s golden retriever overcome health issues: “She started smiling again”

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top