ဂျက်စပဲရိုး ဇာတ်ကောင်အဖြစ် မင်းသားကြီး ဂျွန်နီဒက်ပ်ကို ပရိသတ်တွေက ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်နေခဲ့ရပါတယ်။ ဂျက်စပဲရိုးအဖြစ် သူ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တာက ၂၀၁၇ ခုနှစ်ရဲ့ Pirates of the Caribbean: Dead Men Tell No Tales ဇာတ်ကားမှာဖြစ်ပေမဲ့ Pirates of the Caribbean ၆ ကားမြောက်မှာ ပြန်လည်ပါဝင်သရုပ်ဆောင်ဖို့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။
ပရိုဂျူဆာ Jerry Bruckheimer က “ကျွန်တော်တို့ ဂျွန်နီနဲ့ စကားပြောဆိုနေပါတယ်။ ဇာတ်ညွှန်းရေးနေပါတယ်။ ကျွန်တော်တို့ ပြီးမြောက်အောင်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ဒါပေမဲ့ အတွင်းသတင်းတွေအရ ဂျွန်နီဒက်ပ်ရဲ့ဇာတ်ကောင်က ဒီဇာတ်ကားအသစ်မှာ အဓိကမဟုတ်တော့ဘဲ မင်းသမီး မားဂေါ့ရော်ဘီ သရုပ်ဆောင်မယ့် ဇာတ်ကောင်အသစ်က အဓိကနေရာမှာ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားအသစ်က မားဂေါ့ရော်ဘီရဲ့ဇာတ်ကောင်နဲ့ ဂျက်စပဲရိုးရဲ့သားဖြစ်သူတို့ကို အဓိကထားမယ့် ဇာတ်လမ်းဖြစ်တယ်လို့ ပရိုဂျူဆာ Jerry ဟာ အရင်က ထင်ကြေးပေးပြောဆိုခဲ့ဖူးပါတယ်။
Ref: Johnny Depp in talks for Pirates of the Caribbean 6
WL (ရိုးရာလေး)

