ဂျပန်နိုင်ငံရဲ့ ကျောက်စာပေါ် အရည်တွေလောင်းချမှုကြောင့် အဖမ်းခံခဲ့ရတဲ့ ထိုင်ဝမ်မင်းသမီး

twi.jpg

ထိုင်ဝမ်မင်းသမီးအစီအစဉ်တင်ဆက်သူ ဆိုင်း ယီချန်ဟာ ဂျပန်နိုင်ငံရဲ့ ဘုရားကျောင်းရှိ ကျောက်တိုင်တစ်ခုပေါ် အရည်တွေလောင်းချမှုကြောင့် ဂျပန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ အသက် ၃၉ နှစ်အရွယ် ယီချန်ဟာ ဧပြီ ၆ ရက်နေ့က Yakushiji Temple က အမျိုးသားရတနာဖြစ်တဲ့ Bussokuseki (ဗုဒ္ဓ၏ ခြေရာတော်ကျောက်စာ) ပေါ် ကလစ်စရင်ပါဝင်တဲ့ အရည်ကို လောင်းချခဲ့တယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဘုရားကျောင်းဝန်ထမ်းတစ်ဦးက Bussokuseki ပေါ်မှာ အရည်တွေတွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြာခဲ့ပြီးနောက် စောင့်ကြည့်ကင်မရာကတဆင့် မင်းသမီးယီချန် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယီချန်က အဲ့ဒီအချိန်မှာ ဂျပန်နိုင်ငံမှာ မရှိတော့ပေမဲ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ ဂျပန်ကို ထပ်မံလာရောက်လည်ပတ်တဲ့အချိန်မှာ အဖမ်းခံခဲ့ရတာပါ။ သူ့ကို Kansai International Airport မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုအတွင်း ယီချန်က ဆုတောင်းတဲ့အချိန် စိတ်ကို လှုပ်ရှားကြည်နူးစေတဲ့အရာတွေပေါ်မှာ ဆီလောင်းလေ့ရှိတာမို့ ဗုဒ္ဓခြေရာတော်ကျောက်စာပေါ်မှာလည်း ဆီလောင်းမိလိုက်တယ်ထင်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ယီချန်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ သူ့မန်နေဂျာက ” လက်တလောမှာ မတော်တဆမှုကို ဂျပန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ဒီအဆင့်မှာ သူ့ကို တိုက်ရိုက် ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး။ လတ်တလောမှာ သူ့မိသားစုနဲ့ ရှေနေ့တွေက ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ လက်ရှိမှာ သတင်းအချက်အလောက်တွေ ရရှိနိုင်ဖို့က အကန့်အသတ်ရှိနေတာကြောင့် ဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းချက်၊ တုံ့ပြန်ဖြေကြားချက်တွေ မပေးနိုင်သေးပါဘူး “လို့ ပြောထားပါတယ်။ သူ့မန်နေဂျာက ဒီကာလအတွင်း အချိန်လေးပေးကြဖို့ တောင်းပန်ထားပါတယ်။

မင်းသမီး ယီချန်က ၂၀၀၅ ခုနှစ်မှာ အနုပညာလောကထဲဝင်ရောက်ခဲ့ပြီး KO One ထိုင်ဝမ်ဇာတ်လမ်းတွဲတွေနဲ့ Summer x Summer ဇာတ်လမ်းတွဲတွေနဲ့ လူသိများပါတယ်။ ၂၀၂၀ ခုနှစ်မှာ အနုပညာလောကထဲကမဟုတ်တဲ့သူ့ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ သားဦးလေးကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Ref: Taiwanese actress Tsai Yi-chen arrested for pouring liquid on Japan’s stone monument

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top