နောက်နှစ်ဇန်နဝါရီလမှာ ရုံးဝန်ထမ်းတစ်ဦးနဲ့ လက်ထပ်တော့မယ့် ကိုရီးယားမင်းသမီးချော ဘက်ဂျင်ဟီး

next.webp

ကိုရီးယားမင်းသား ယွန်းဟွန်းမင်းနဲ့ ၇ နှစ်တာတွဲခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ လမ်းခွဲပြတ်စဲခဲ့တဲ့ မင်းသမီးဘက်ဂျင်ဟီးဟာ နောက်နှစ် ဇန်နဝါရီလမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာ သူ့ရဲ့အေဂျင်စီ Management AM9 က နောက်နှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဘက်ဂျင်ဟီး လက်ထပ်တော့မယ်ဆိုတာ မှန်ကန်ပါတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘက်ဂျင်ဟီးရဲ့သတို့သားဟာ ကနေဒါမှာ နေထိုင်တဲ့ ရုံးဝန်ထမ်းတစ်ဦးဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က ဘက်ဂျင်ဟီးဟာ ဘာသာစကားသင်ယူဖို့ ကနေဒါမှာ ရှိနေချိန်မှာ သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတယ်။ သူတို့နှစ်ဦးက ကနေဒါမှာရော ဆိုးလ်မှာပါ တစ်လှည့်စီနေကြဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာပရိသတ်တွေက မင်းသမီးဘက်ဂျင်ဟီးကို Pots of Gold၊ My Daughter, Geum Sa-wol ၊ Missing 9 ၊ Feel Good to Die ဇာတ်လမ်းတွဲတွေနဲ့ သိကြပါတယ်။

Ref: Baek Jin Hee To Get Married In January

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top