ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို ပျံသန်းနေတဲ့ Flydubai လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် Flight FZ 1073 လေယာဉ်ပေါ်မှာ လေယာဉ်မှူးနှစ်ဦး ခိုက်ရန်ဖြစ်ပွားလို့ လမ်းကြောင်းပြောင်းပြီး ဆော်ဒီနိုင်ငံမှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
လေယာဉ်ပျံသန်းမှုမှတ်တမ်းတွေအရ အရှေ့ပိုင်းစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂၀ အချိန်ဝန်းကျင်မှာ လေယာဉ်ဟာ ၂ မိနစ်အတွင်း အမြင့်ပေ ၁၇၄၀၀ အထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်မှာ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးနှစ်ဦးလုံး ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ” အော်သံတွေကြားပြီး လေယာဉ်စက်ခန်းတံခါး ပွင့်လာတယ်။ သွေးတွေလည်း အများကြီးပဲ။ လေယာဉ်မှူးတစ်ဦး ဓားထိုးခံထားရတယ်။ ဘယ်သူ ထိုးလိုက်တာမှန်းတော့ မသိဘူး။ ကျွန်မတို့တော့ သေရတော့မှာပဲ တွေးမိတဲ့ အခိုက်အတန့်ပါ”လို့ အဲဒီလေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးက ဆိုပါတယ်။
Flydubai လေယာဉ်ပေါ်မှ ဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ အစ္စရေးအာဏာပိုင်တွေက သံသယ ရှိနေပါတယ်။
Ref: Plane plummets 17,000 feet after ‘violent incident’ between pilots
NZ (ရိုးရာလေး)

