ကိုမိုဒိုနဂါးတွေရှိတဲ့ကျွန်းကို ခရီးသည်တွေအတွက် ဆက်ဖွင့်ပေးမယ်

yyl-3-9-010-1.jpg

ကိုမိုဒိုနဂါး(komodo Dragon)လို့ အမည်ပေးထားတဲ့ ဖွတ်တွေကျက်စားရာကျွန်းကို ခရီးသည်တွေ လာရောက်ကြည့်ရှုနိုင်အောင် ဆက်လက်ဖွင့်လှစ်ပေးထားမှာဖြစ်ပေမဲ့ လာရောက်ကြည့်ရှုလိုသူတွေက အဖွဲ့ဝင်ကြေး အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးရမယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ကိုမိုဒိုဖွတ်နဂါးတွေနဲ့ သူတို့ရဲ့ စားကျက်တွေကို ကာကွယ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ကိုမိုဒိုကျွန်းကို ပိတ်ပြီး နောက်တစ်နှစ်ကြာမှ ပြန်ဖွင့်မယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လမှာ အင်ဒိုနီးရှားအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ကိုမိုဒိုကျွန်းကို လာရောက်လည်ပတ်တဲ့ ခရီးသည် ၄၄,၀၀၀ ပဲရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ခရီးသည် ၁၇၆,၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ ကိုမိုဒိုကျွန်းမှာ ဖွတ်နဂါးအကောင်ရေ ကျဆင်းမသွားအောင် ကာကွယ်ပေးနိုင်ဖို့အတွက် ကိုမိုဒိုကျွန်းမှာ နေထိုင်တဲ့ ဒေသခံတွေကိုပါ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ ကိုမိုဒိုကျွန်းကို တစ်နှစ်ပိတ်ပစ်မယ့် အစီအစဉ်ကို ပြောင်းလဲခဲ့ပြီး အဖွဲ့ဝင်ကြေး ကောက်ခံမယ့်စနစ် ပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။

အရင်တုန်းက ကိုမိုဒိုကျွန်းကို လာရောက်ချင်တဲ့ ခရီးသည်တွေက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာပဲ ပေးရမယ့် ဒီရာသီကစပြီး တစ်ရာသီအတွက် အဖွဲ့ဝင်ကြေး အမေရိကန်ဒေါ်လာ ၁၀၀၀ ကောက်ခံသွားမှာပါ။ ဒါဟာ ကိုမိုဒိုကျွန်းကို ခရီးသည်ဝင်ရောက်မှု အရေအတွက် ကန့်သတ်နိုင်အောင် လုပ်ဆောင်တဲ့ သဘောပါ။ ကိုမိုဒိုဖွတ်နဂါးတွေဟာ ကမ္ဘာ့အကြီးဆုံး ဖွတ်မျိုးနွယ်ဖြစ်ပြီး အရှည် ၁၀ ပေအထိ ကြီးထွားလာနိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top