“သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ရဲ့ဆုတွေမြိုင်” ပရိုမိုးရှင်းအစီအစဉ်ဖြင့် ပျော်ရွှင်မှုများ မျှဝေပြီး MPT အသုံးပြုသူများ iPhone 18 Pro နှင့် ဒေတာဆုများစွာကို ကံထူးနိုင်ပြီ

mpt.jpg

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူမိဘပြည်သူများအတွက် “သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ရဲ့ဆုတွေမြိုင်” ပရိုမိုးရှင်းအစီအစဉ်ကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ဆောင်ရွက်သွားမည့် အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် မြန်မာနိုင်ငံ၏ အစည်ကားဆုံး မီးထွန်းပွဲတော်ကာလများအတွင်း MPT သုံးစွဲသူများ၏ ဒီဂျစ်တယ်လူနေမှုဘဝများကို မြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ချစ်ခင်ရသော မိသားစုများ၊ မိတ်ဆွေများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ကာ MPT ၏ “သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ရဲ့ဆုတွေမြိုင်”  ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ခြင်းဖြင့်  ဒေတာလက်ဆောင်များချက်ချင်း ရရှိမည့်အပြင် iPhone 18 Pro စမတ်ဖုန်းများနှင့် ဒေတာ 100GB ဆုများကို ကံထူးရယူနိုင်မည့် အခွင့်အရေးများ ထပ်မံရရှိမည် ဖြစ်သည်။

သီတင်းကျွတ်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလများသည် ကျေးဇူးသိတတ်မှု၊ မိသားစုပြန်လည်ဆုံစည်းမှုနှင့် ကောင်းမှုကုသိုလ်တို့ကို အတူမျှဝေကြသည့် မွန်မြတ်သော ရာသီချိန်ခါကို ဖော်ညွှန်းပါသည်။။ “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ကတိကဝတ်နှင့် အညီ MPT သည် ရိုးရာဓလေ့ပွဲတော်များနှင့် ဒီဂျစ်တယ်အတွေ့အကြုံများကို ချိတ်ဆက် ပေးခြင်းဖြင့် သုံးစွဲသူများအနေဖြင့် ပျော်ရွှင်ဖွယ် ပွဲတော်အမှတ်တရများကို အချိန်နှင့်တစ်ပြေးညီ မျှဝေနိုင်စေရန် ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါသည်။
ပရိုမိုးရှင်းကာလအတွင်း နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများသည် မိမိတို့ စိတ်ကြိုက်ပက်ကေ့ချ်များကို နှစ်သက်ရာ အရောင်းချယ်နယ်လ်များမှ ဝယ်ယူခြင်းဖြင့် Kick & Win ဂိမ်းကစားခွင့် (၁) ကြိမ် ရရှိမည်ဖြစ်ကာ MPT4U တွင် ဂိမ်းကစားခြင်းဖြင့် ဒေတာလက်ဆောင်များကို ချက်ချင်းရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ပရိုမိုးရှင်းကာလ အပြီးတွင် ‌အောက်ပါအထူးဆုများကို ကံထူးနိုင်မည်ဖြစ်သည်။

  • အသစ်စက်စက် iPhone 18 Pro (၂) ဆု
  •  ရက် (၉၀) သုံး ‌ဒေတာ 100GB (၅) ဆု

ပွဲတော်ကာလ၏ ယဉ်ကျေးမှုနှင့် အနှစ်သာရကို ထင်ဟပ်ဖော်ပြရင်း MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Koichi KAWASE က “သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေဟာ  မိသားစုဝင်တွေ တစ်ဦးနဲ့တစ်ဦး ပြန်လည်ဆုံစည်းကြတဲ့အပြင် လူကြီးမိဘတွေကို ကန်တော့တာ၊ တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ဖန်တီးကြတဲ့ ကာလတွေဖြစ်တယ်ဆိုတာ MPT အနေနဲ့ နားလည်သဘောပေါက်ထားပါတယ်။ ဂျပန်မိတ်ဖက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ အတူလက်တွဲ ဆောင်ရွက်နေတဲ့ မြန်မာကမိတ်ဆွေတွေရဲ့ ခုလို မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို  အထူး အလေးထားပါတယ်။ ခုလိုရည်ရွယ်ချက်နဲ့အတူ ကျွန်တော်တို့ရဲ့ “သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ရဲ့ဆုတွေမြိုင်” ပရိုမိုးရှင်းကတစ်ဆင့် သုံးစွဲသူတွေအဖို့ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်စေဖို့နဲ့ နေ့စဉ်ဘဝတွေမှာ ပွဲတော်ကာလရဲ့ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် အငွေ့အသက်တွေ ပိုမိုခံစားနိုင်စေဖို့ကို အလေးထားပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ပြည်တွင်းအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ ဒီပွဲတော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်နေကျ ဖြစ်တဲ့  ဘိုးဘွားရိပ်သာတွေကို ဂါရဝပြု လှူဒါန်းတဲ့ လူမှုအကျိုးပြုအစီအစဉ်ကိုလည်း  ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာနဲ့ သီလရှင်/ဘုန်းတော်ကြီးကျောင်း စတာတွေအပါအဝင် နေရာဒေသ (၂၀) ကျော်ကို ပံ့ပိုးကူညီနိုင်ဖို့အတွက်  အခြေခံ စားသောက်ကုန်တွေ၊ အခြားလိုအပ်ချက်တွေနဲ့ ငွေသားအထောက်အပံ့တွေကိုလည်း လှူဒါန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  မြန်မာပြည်သူပြည်သားအားလုံး တစ်ဦးနဲ့ တစ်ဦးနွေးထွေးကြင်နာစွာနဲ့ စဉ်ဆက်မပြတ်ဆက်သွယ်ပြီး  ဘေးကင်းလုံခြုံမှု ရှိကာ အေးချမ်းသာယာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော် ကာလတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်
” ဟု ပြောကြားခဲ့ပါသည်။

MPT ကို ယုံကြည်ပြီး စဉ်ဆက်မပြတ် ပံ့ပိုးပေးခဲ့ကြသည့် သုံးစွဲသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ပြည်တွင်းမှ ဦဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “ရှေ့သို့လှမ်းချီမြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ သုံးစွဲသူများ၏ ဒီဂျစ်တယ် အတွေ့အကြုံများကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝများတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ နောက်ဆုံးရ သတင်းအချက်အလက်များကို သိရှိရန်အတွက် MPT ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာများကို စောင့်ကြည့်ကြဖို့အတွက် သုံးစွဲသူများအား တိုက်တွန်းအပ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top