လူတွေရဲ့အကျိုးမဲ့စိတ်လှုပ်ရှားမှုတွေထဲမှာ “ကြောက်စိတ်” ဆိုတာက အဆိုးဆုံး ဖြစ်ပါတယ်။ ကြောက်စိတ်ဝင်လာတဲ့အခါ ‘ဖြစ်နိုင်ပါ့မလား’၊ ‘ဒီထက်များ ပိုဆိုးသွားမလား’ စတဲ့အတွေးတွေက တားမရအောင် ဝင်လာတတ်တာပါ။ ယုံကြည်မှုတွေကို ချည့်နဲ့လျော့ရဲစေပြီး ဆက်လှမ်းမယ့် ခြေလှမ်းတွေကို တွန့်ဆုတ်စေတာကြောင့် အောင်မြင်ဖို့ အလားအလာတွေကိုပါ လက်လွတ်သွားစေတတ်ပါတယ်။…